Friday, March 14, 2014

ရက္ခ၀ဏ္ဏအက္ခရာနန့် ရခိုင်စာပီ (ကိစ္စကို ဒေနီရာမာ ကျကျနန တိုင်ပင်ကတ်မေ )

ရက္ခ၀ဏ္ဏအက္ခရာနန့် ရခိုင်စာပီ (ကိစ္စကို ဒေနီရာမာ ကျကျနန တိုင်ပင်ကတ်မေ ) About
ခိုင်မင်း ဇံ အောက်သားလက်အောက်က ရခိုင်နာမည်တိ အကျွန်ရို့ရခိုင်စာပီနန့် ရခိုင်ယဉ်ကျေးမှုတိကို လေ့လာကြည့်ယင်းနန့် ရခိုင်လူမျိုးတိဧ့ ထူးခြားရေ နာမည် ထားပုံနန့် ရခိုင်အသံထွက်ပုံတိကို သတိထားမိလာပါရေ။ ရခိုင်နန့်အောက်သားရို့ရေ စာပီယဉ်ကျေးမှု နန့် ကိုးကွယ်ရေ ဘာသာတရားတိမာ များကာတူညီမှုဟိကေေ
လ့ ရခိုင်လူမျိုးရေ အစဉ်အလာကြီးမားရေ လူမျိုးဖြစ်တေ အတွက်နန့် ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်စံနန့်ကိုယ်ပိုင်ယဉ်ကျေးမှုဟိခစွာကား အမှန်ပင်ဖြစ်ပါရေ။ လူတစ်ယောက် ကို ရခိုင်လူမျိုးဟုတ်မဟုတ် ဇာပိုင်သိနိုင်ဖို့လေး ဆိုရေ မီးခွန်းနန့် ကိုယ့်စွာကို အဖြေရှာကြည့်ရေခါ အချက်သုံး ချက်ကို တွိလာရပါရေ။ (၁)ဝတ်စားဆင်ယင်မှု ကိုကြည့်လို့သိနိုင်ရေ။ (၂)အရုပ်အဆင်းကို ကြည့်လို့သိနိုင်ရေ။ (၃)နာမည်ကို ကြည့်လို့သိနိုင်ရေ။ အထက်ပါအချက်တိရေ တဆတ်ဆတ်နန့် ပျောက်စပြုလာပါရေ။ အထူးသဖြင့် အချက်(၁)နန့် အချက်(၂) ရေ ရခိုင်ရို့ဧ့လက်ငင်းဘဝတိနန့် ကင်းကွာလားခစွာကိုတွိရရေ။ အယင်ကရခိုင်လူမျိုးတိရေ တခြားလူမျိုးနန့်မတူ တမူထူးခြားပနာ ဝတ်စားကတ်ကေလေ့ ဧနိ့ရခိုင်လူမျိုးရို့ကား ခေတ်ရီစီးကြောင်းကို လွန်ဆန်နိုင်ရေ အစွမ်း သတ္တိတိ ပျောက်ဆုံးပနာ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုတိ ပျောက်ဆုံးလားခပါဗျာလ်။ အရုပ်အဆင်းဖက်မာလေ့ သွီးရောသွီးနှောမှုတိ ပိုများလာရေအတွက် ရခိုင်သားရို့ ကြံအင်လက္ခဏာတိ မှုန်ဝါးလာစွာကို တွိရပါပနာ ယဉ်ကျေးမှုကြောင့် ရုပ်သဏ္ဍန်ကို ကွဲပြားစီရေ နားထွင်းမင်္ဂလာ အခမ်းအနားတိလေ့ ရခိုင်ယဉ်ကျေးမှုနယ်ပယ် က ပျောက်ကွယ်လာပါလတ်ပါရေ။ နောက်ဆုံးအချက်ဖြစ်တေ ရခိုင်နာမည်တိကလေ့ အခြီယိုင်ပါလတ် စွာကို တွိရပါရေ။ ရခိုင်လူမျိုးရို့ဧ့ နာမည်ထားပုံကြည့်ကေ အောက်သားတိနန့်မတူရေ နာမည်ထားပုံတိကြောင့် ကမ္ဘာမြီထက် မာ စံပြမျိုးစောင့်လူမျိုးဖြစ်တေ ဂျူးလူမျိုးတိကပင် သတိပြုမိစွာကို တွိရပါရေ။ ယေကေလေ့ ကာလကြာရှည်လာ ရေ ကျွန်ဘဝမာ ရခိုင်နာမည်ထားပုံထားနည်းတိ ပြောင်းလာပနာ ရခိုင်နာမည်တိထဲက ရခိုင်အသံထွက်တိလေ့ ရခိုင်ရို့ဧ့ပင်မအသံထွက်တိနန့်မတူဘဲ အောက်သားအသံထွက်နန့်ဂျေး တူလာစွာကိုတွိရပါရေ။ ယင်းနာမည်တိ ကို စီစစ်ကြည့်လိုက်တေခါ အောက်ပါအတိုင်းတွိလာရပါရေ။ (၁) ဦး၊ဒေါ်၊မောင်၊မ နန့် ရခိုင်နာမည် ရခိုင်နန့် ဗမာ လူမျိုးနှစ်ခုစလုံးမာ အသက်ငယ်ရေလူဧ့ နာမည်ရှိမာ ‘မောင်’ နန့် ‘မ’ ထည့်ပနာ ရီးသားခေါ် ဝေါ်ကတ်စွာကို တွိရပါရေ။ ကလေ့ချေဆိုကေ ‘မောင်’ ၊ ကလေ့မေချေဆိုကေ ‘မ’ ထည့်ပနာရီးကတ် ခေါ်ကတ် ပါရေ။ အသက်ကြီးရေလူရို့ဧ့ နာမည်ရှိမာ ယောက်ျားဆိုကေ ‘ဦး’ နန့် မိမ္မဆိုကေ ‘ဒေါ်’ ကို ထည့်ပနာ ရီးသား ခေါ်ဝေါ်ကတ်ပါရေ။ ယေကေလေ့ ဧချင့်က ဒါသီမဟုတ်၊ ယာယီရာဖြစ်တေအတွက် လိုအပ်ခါ သုံးပနာ မလိုအပ် ခါ ဖြုတ်ထားပါရေ။ အင်္ဂလိပ်စာနန့် နှိုင်းပြရဖို့ဆိုကေ ဦးနန့်မောင်ရေ ‘Mr’ ဖြစ်ပြီးကေ ဒေါ်နန့်မရေ ‘Mrs’ ဖြစ် ပါရေ။ အယင်ကရခိုင်လူမျိုးတိမာတော့ခါ ဦးနန့်ဒေါ်နီရာမာ ဘနန့်မိ ကို သုံးရေလို့သိရပါရေ။ အဂုတော့ခါ ဗမာတိနန့်တတူ ဦးနန့်ဒေါ် ကို သုံးနီကတ်ပါဗျာလ်။ နောက်တစ်ခုက ရခိုင်ရို့မာ အယင်ဆုံးမွီးရေ သားသမီးကိုနာမည်ထားရေခါ နာမည်ထဲမာ ‘ဦး’ ကိုထည့်ပနာ ထားပါရေ။ယင်း ‘ဦး’စွာ နာမည်ဧ့ ဇာနီရာမာမဆိုဟိနိုင်ပါရေ။ ဦးသာထွန်း၊လှဦးဖြူ၊ဦးမောင်သိန်း၊ အောင်သာဦး ၊ဦးခိုင်ဇံ ဆိုရေနာမည်တိစွာ သားဦး၊သမီးဦး ရို့ဧ့နာမည်တိဖြစ်ပါရေ။အပြန်အလှန်အနီနန့် နာမည်ထဲမာ ‘ဦး’ ပါရေလူစွာ သားဦး၊မြီးဦး ပင်ဖြစ်ပါရေ။(သားဦး၊မြီးဦးပင်ဖြစ်ကေလေ့ မိဖနှစ်ပါးစလုံး နာမည်မာ ‘ဦး’ ပါကေ သား သမီးနာမည်ကို ‘ဦး’ နန့်ထားလို့မရပါဗျာလ်။ ဇာဖြစ်လို့လေးဆိုကေ မိသားစုတစ်ခုမာ ‘ဦး’ ပါရေ နာမည်သုံးခု မဟိကောင်းပါ။)ဧနာမည်တိထဲက ‘ဦး’ရေ ယာယီမဟုတ် ဒါသီဖြစ်တေအတွက် ယင်း ‘ဦး’ ကို ဖြုတ်ပနာ မခေါ်အပ်မရီးအပ်ပါ။ ယင်း ‘ဦး’ရေ ‘Mr’ကို ဆိုလိုစွာမဟုတ်တေအတွက် ယင်းနာမည်ပိုင်သျှင်စွာ မိမ္မလေ့ ဖြစ်နိုင်ပါရေ။ အသက်ကြီးလာလို့ နာမည်ရှိမာ Mr နန့် Mrs တက်စား ဦးနန့်ဒေါ်ကို ထည့်ချင်ရေလို့ဆိုကေ ယောက်ျားဖြစ်တေ ဦးသာထွန်း ကို ‘ဦးဦးသာထွန်း’၊မိမ္မဖြစ်တေ လှဦးဖြူ ကို ‘ဒေါ်လှဦးဖြူ’ လို့ ခေါ်နိုင်ရီးနိုင်ပါရေ။ နာမည်ထဲမာ ‘မောင်’ နန့် ‘မ’ ပါရေ လူတိလေ့ ယင်းအတိုင်းပင်ဖြစ်ပါရေ။ မောင်သာအောင်၊မသာနူ ဆိုသူရို့ကို သာအောင်၊သာနု ဆိုပြီးကေ မောင်နန့်မကို ဖြုတ်ပနာ မရီးအပ်ပါ။ ဇာဖြစ်လို့လေးဆိုကေ ယင်းနာမည်တိထားရေလောက်ကပင် အမြဲတမ်းခေါ်ဖို့အတွက်ထားကတ်စွာဖြစ်ပါရေ။ နာမည်ရှိမာ ‘မောင်’ပါရေ ကေလေ့သော့ ယင်းတိုင်သျှင်ရေ အချေဖြစ်နိုင်ရေပိုင် ဝါကြီးလေ့ဖြစ်နိုင်ပါရေ။ နာမည်ပိုင်သျှင်ဧ့အရွယ်ကို သိစီချင်ကေတော့ခါ လူငယ်ဆိုကေ ‘မောင်မောင်သာအောင်၊ မမသာနု’ နန့် လူကြီးဆိုကေ ‘ဦးမောင်သာအောင်၊ဒေါ်မသာနု’ ဆိုပနာ ရီးနိုင်ခေါ်နိုင်ပါရေ။ ဧချင့်ရေ အောက်သားတိနန့် မတူရေ ရခိုင်ရို့ဧ့ နာမည်ထားပုံတစ်ခုဖြစ်ပါရေ။ အောက်သားတိမာကျခါ ‘မောင’်နန့် ‘မ’ကို ဖြုတ်ပြီးကေ သာအောင်၊သာနု ဆိုပနာရီးနိုင်ခေါ်နိုင်ရေပိုင် အသက်ငယ်ရွယ်သူတိဖြစ်ပါက မောင်နန့် မ ကို တပ်ပနာ ရီးကတ်ခေါ်ကတ်ပါရေ။ အသက်ကြီးရေအောက်သားတိဧ့ နာမည်ရှိမာ ‘မောင်’နန့် ‘မ’ကို အတွိရနည်းပါရေ။ (၂)အောက်သားတစ်ပိုင်း ရခိုင်နာမည် ဧနာမည်တိရေ အောက်သားနာမည်ကို ရခိုင်မှုပြုထားရေနာမည်တိဖြစ်ပါရေ။ ဧနာမည်တိထဲက အများစုရေ ရခိုင်သရဖြစ်တေ ‘အီ’သရတိကို ဗမာသရဖြစ်တေ ‘ အေ’သရတိနန့် ရီးသားမှည့်ခေါ်ထားရေ နာမည်တိဖြစ်ပါရေ။ ဥပမာ အနီနန့် ပြောရကေ ခိုင်နေဝင်း၊ခိုင်မောင်ထွေးရို့ရေ ရခိုင်ဆိုရေ ဂုဏ်ပုဒ်ကို ဖော်ကျူးပနာ‘ခိုင်’ကို နာမည်ဧ့ရှိမာ ထည့်ဗျာလ်ထားကေလေ့ အောက်သားတစ်ပိုင်းရခိုင်နာမည် တိရာ ဖြစ်ပါရေ။ ဇာဖြစ်လို့လေးဆိုကေ ယင်းနာမည်တိမာပါရေ ‘နေ’ နန့် ‘ထွေး’ ရို့ရေ အောက်သားအသုံးအနှုန်းတိဖြစ်တေအတွက်ကြောင့်ပါ။ ယင်းနာမည်တိကို ရခိုင်အရီးအသား၊ရခိုင်ဘာသာစကားနန့် ရီးရပြောရဖို့ဆိုကေ‘ခိုင်နီဝင်း၊ ခိုင်မောင်ထွီး’ လို့ ရီးရဖတ်ရပါလိမေ။ ယင်းပိုင်မဟုတ်ဘဲနန့် ‘ခိုင်’ပါတိုင်းရာ ရခိုင်နာမည် ဖြစ်တေလို့ဆိုကေ ရခိုင်စာရီးဆရာကြီးတစ်ယောက်သရော်ထားရေပိုင် ‘စွာ’ တစ်လုံးပါစွာနန့် ရခိုင်စကားလို့ သတ်မှတ်ပနာ ရခိုင်စာပီနန့် ဘာသာစကားရေ ငါးပါးမှောက်ကိန်း ဆိုက်လားပါလိမေ။(နာမည်တိထဲမာပါရေ ‘အေး’ ကိုတောင်မှ ရခိုင်ဘာသာစကားအဖြစ်လက်ခံရခက်ပါရေ။ ဇာဖြစ်လို့လေးဆိုကေ ‘အေး’ ရေ ဗမာစကားဖြစ်ပြီးကေ ရခိုင်ရို့နိ့စဉ်သုံးစကားတိထဲမာ ‘အီး’ လို့ရာ ပြောကတ်တေအတွက်ကြောင့် ‘အေး’ပါရေ နာမည်ပိုင်သျှင်တိ စဉ်းစားသင့်ပါရေ။)ယင်းပိုင်ဆိုကေ ရှီးခေတ်ရခိုင်လူမျိုးတိမာ အောက်သားနန့်တူရေ ရခိုင်နာမည်တိ မဟိပါလားလို့ စောဒကတက်လာနိုင်ပါရေ။ ယဉ်ကျေးမှုချင်းဆက်စပ်နီရေအတွက် တူညီမှုတိကားဟိနိုင်ပါရေ။ ယေကေလေ့သော့ ရခိုင်နာမည်များကာရေ အောက်သားတိနန့် ကွဲပြီးကေ နာမည်ကြားလိုက်စွာနန့် ရခိုင်သားမှန်းသိနိုင်ပါရေ။ လက်ဟိအနီအထားအရ ရခိုင်နာမည်တချို့ ရှီးခေတ်ရခိုင်နာမည်တိနန့် မတူဘဲ ဆန်းသစ်လာစွာကို တွိရပါရေ။ ‘မြတ်ခိုင်ကျော်၊ ဝင်းကိုခိုင်၊ ခိုင်ကျော်လင်း၊ ညီမင်းခိုင်’ ဆိုရေ နာမည်တိကို ကြည့်ကေ ရှီးခေတ်ရခိုင်လူမျိုးရို့နာမည်တိနန့် မတူစွာကိုတွိရပါရေ။ ယေကေလေ့သော့ ယင်းနာမည်တိရေ အောက်သားနာမည်လောင်းရိပ်က ကင်းရွတ်ပနာ ရခိုင်နည်း၊ရခိုင်ဟန်နန့် ဆန်းသစ်လာစွာဖြစ်တေအတွက် ရခိုင်မျိုးဆက်သစ်ရို့ လက်ခံကြိုဆိုအတုယူသင့်ပါရေ။ ယင်းတိုင်သျှင်ရို့မာပိုင် စာပီအနုပညာသမားတိနန့် ရခိုင်လူမျိုးကောင်းစားရေးအတွက် တဖက်တလမ်းက လုပ်ဆောင်နီကတ်သူရို့အနီနန့်လေ့ မိမိရို့နာမည်ကို ရခိုင်လူမျိုးရို့အတုယူသင့်ရေရခိုင်နာမည်မျိုး ထားကတ်စီချင်ပါရေ။ ခိုင်ကျော်လင်းနာမည်ကြီးချိန်မာ မွီးလာရေ မျိုးဆက်သစ်ချေတိနာမည်စွာ ခိုင်ကျော်လင်းဖြစ်နိုင်ရေပိုင် ဇင်မာထွန်းနာမည်ကြီးချိန်မာလေ့ မွီးဖွားကြီးပြင်းလာရေ မျိုးဆက်သစ်ချေတိစွာ ဇင်မာထွန်းဖြစ်နိုင်ပါရေ။ ကောင်းစွာကို အတုယူမှုနည်းပါးကေလေ့ ဆိုးစွာကို အတုယူတတ်ကတ်စွာက လူသားရို့သဘာဝဖြစ်တေအတွက်နန့် ရခိုင်လူမျိုးဂုဏ်ပုဒ်ကိုထမ်းပနာ ရှိကလားနီကတ်တေ ရခိုင်လူမျိုးရို့အနီနန့် ရခိုင်ယဉ်ကျေးမှုနန့် ဆန့်ကျင်ရေ နာမည်တိကို ယှောင်ကတ်ဖို့လိုပါရေ။ (၃)အောက်သားအသံထွက်နန့် ရခိုင်နာမည် ဧနာမည်တိစွာ ရခိုင်နာမည်တိကိုဖျက်ဆီးရာရောက်တေပိုင် ရခိုင်စကားအသံထွက်တိကိုလေ့ ပျက်စီးစီပါရေ။အကျွန့်မာ တင်တင်ဦး ဆိုရေ သူငယ်ချင်းမ တစ်ယောက်ဟိပါရေ။ အကျွန်ရို့ရွာမာ စကားနှစ်မျိုး(တောင်မြောက်) ပြောကတ်တေအတွက် တချို့က ယင်းသူ့ကို တင်တင်ဦး လို့ ခေါ်ကတ်တေပိုင် တချို့က တန်တန်ဦး လို့ ခေါ်ကတ်ပါရေ။ဧချင့်ရေ မိရို့ဖလာ အစဉ်အလာသုံး အသံနန့် ခေါ်စွာဖြစ်ပါရေ။ ယင်းပိုင်ခေါ်ကတ်ကေလေ့ ယင်းသူလေးတန်းအောင်လို့ မြို့ကျောင်းကို ရောက်တေခါ ယင်းနာမည်ထဲက အသံထွက်အခေါ်အဝေါ်တိပျောက်ပနာ တိန်တိန်ဦး ဆိုရေ အောက်သားအသံထွက်နန့် နာမည်တစ်ခုကို ပိုင်ဆိုင်လားခပါရေ။ ရခိုင်လူမျိုးရို့မာ အနှစ်နှစ်အလလထိန်းသိမ်းပြောဆိုလာရေ ရခိုင်စကားတိစွာ အောက်သားဘာသာစကားဧ့ လောင်းရိပ်မာ တချက်ချေနန့် ပျောက်ကွယ်လားတတ်တေဆိုစွာ ရခိုင်လူမျိုးရို့သတိချပ်သင့်ပါရေ။ အခြားတစ်ဖက်မာလေ့ စာပီနန့်ဘာသာစကားကို တန်ဖိုးထားရကောင်းမှန်းမသိသူတိက ‘စကားအမျိုးအစားကွဲပြားကေလေ့ ရခိုင်သားရာ’ ဆိုရေ စကားကို အခွင့်ကောင်းယူလားခြင်းပင် ဖြစ်ပါရေ။ ရခိုင်လူမျိုးနာမည်တိထဲမာ ယင်းပိုင်အောက်သားအသံထွက်နန့် နာမည်တိ မကန်မကန်ဟိလာပါရေ။ ‘အင်’ သရအရီးအသားနန့်ရီးထားရေ ‘တင်၊ခင်၊ဇင်’ ရို့ကို ‘တိန်၊ခိန်၊ဇိန်’လို့ အသံထွက်ခြင်း၊ ‘အဉ်’ သရအရီးအသားဖြစ်တေ ‘ယဉ်’ ကို ‘ယိုင’် လို့ မခေါ်ဘဲနန့် ‘ယိန’် လို့ အောက်သားမကျတကျ ခေါ်ခြင်း၊ ရခိုင်ရသံအရီးအသားတိဖြစ်တေ ‘ ရီ၊ မြင့်၊ကြည်’ ရို့ကို အောက်သားတိခေါ်ရေပိုင် ‘ယီ၊မျိန့်၊ကျီ’ လို့ခေါ်ကတ်စွာရေ ရခိုင်သားနန့် ရခိုင်နာမည် လမိုင်းမကပ်ပါလို့ ဆိုချင်ပါရေ။ ရခိုင်ရေ ဗမာမဟုတ်ပိုင် ရခိုင်စကားလေ့သော့ ဗမာစကားမဟုတ်တေအတွက်နန့် ရခိုင်နာမည်ကို ရခိုင်အသံနန့် ခေါ်ဝေါ်ကတ်စီချင်ပါရေ။ ယင်းပိုင်ခေါ်ဝေါ်ခံရဖို့အတွက်လေ့ ယင်းနာမည်ပိုင်သျှင်မာ တာဝန်ဟိပါရေ။ (၄)အင်္ဂလိပ်ပိုင်ရီးရေခါ အောက်သားဖြစ်သားဖြစ်လားရေ ရခိုင်နာမည် ဇာကြောင့်လေးတော့မသိပါ၊ အင်္ဂလိပ်စာတတ်ပါရေ ရခိုင်လူမျိုးတိဂျေး ဧနာမည်တိကို ပိုင်ဆိုင်ကတ်ပါရေ။က၊ခ၊ဂ အစဟိရေ ရခိုင်အက္ခရာတိကို သုံးပနာရီးရေခါ ရခိုင်နာမည်ပီသကတ်ကေလေ့ အင်္ဂလိပ်ပိုင်ရီးရေခါ အောက်သားဘာသာစကားဧ့ လောင်းရိပ်အောက်ကို ရောက်လားခပါရေ။ ဧနာမည်တိစွာ ပွဲပေါက်ပြင်ပေါက်ပြီးကေ လူရှိသူရှိကို အထွက်များရေ ရခိုင်လူမျိုးတိမာ အတွိရများပါရေ။ တော်လှန်ရေး၊ နိုင်ငံရေးနယ်ပယ်ထဲမာ တွိရရေပိုင် ဘလော့ဂ်စာမျက်နှာတိအပါအဝင် အွင်လိုင်းထက်မာ အတွိရများပါရေ။ရခိုင်ပိုင်ရီးရေခါ ‘သန်းဝင်းချေ’ ဖြစ်ပနာ အင်္ဂလိပ်ပိုင်ရီးရေခါ ‘THAN WIN CHAY’ ၊ ရခိုင်ပိုင်ရီးရေခါ ‘မြသာနု’ ဖြစ်ပနာ အင်္ဂလိပ်ပိုင်ရီးရေခါ ‘MYA THA NU’ ရီးကတ်စွာတိရေ ရခိုင်အသံထွက်နန့် တခြားစီဖြစ်နီပါရေ။ ‘ဝင်း၊လင်း၊မင်း’ ကို ‘WIN၊ LIN၊ MIN’ လို့ ရီးကတ်စွာတိနန့် ‘မြင့်၊ ဖြိုး၊ ဖြူ’ ရို့ကို ‘ MYINT၊ PHYO၊ PHYU’ လို့ ရီးကတ်စွာတိလေ့သော့ ရခိုင်စကားအသံထွက်တိနန့် ဆန့်ကျင်နီရေအတွက် ရခိုင်လူမျိုးရို့အနီနန့် ဆင်ခြင်ကတ်ဖို့လိုအပ်ပါရေ။ စာလုံးပေါင်းတိမတည်ငြိမ်ခင်မာ ‘မင်း’ ကို ‘MUN၊ MON၊ MUNN၊MONN၊ MURN၊ MORN၊ MONG’ စသည်ဖြင့် အမျိုးမျိုးရီးသားကတ်ကေလေ့ ဗမာအသံထွက်နန့် ရီးရေ ‘MIN’ နန့်စာကေ ရခိုင်အသံထွက်နန့် အများကြီး ကိုက်ညီမှုဟိစွာကို အင်္ဂလိပ်အသံထွက်ကို နားလည်ရေရခိုင်သားတိုင်းသိပါလိမေ။ရခိုင်နာမည်တိမာအသုံးများရေ ‘ထွန်း’ ကိုလေ့ ဗမာတိသုံးရေ ‘TUN’ ထက် ‘TWAN’ သို့မဟုတ် ‘HTWAN’ နန့် ရီးစွာက ပိုလို့ ရခိုင်အသံနန့် လိုက်ဖက်စွာကို ရခိုင်လူမျိုးရို့အနီနန့် အလိပြုသင့်ပါရေ။ရခိုင်ဘာသာစကားတည်တံ့နီစွာမာ ရကောက်သံတိဧ့ ကျားကန်ပီးမှုကလေ့ အရေးပါရေအတွက်နန့် ရရစ်နန့် ရီးရေရခိုင်နာမည်တိကိုလေ့ ရကောက်သံ (Rသံ) နန့် ရီးသားကတ်ဖို့လိုပါရေ။ ရခိုင်လူမျိုးတစ်ယောက်အနီနန့် ရခိုင်စကားကို ရခိုင်လီသံစစ်စစ်နန့် (အတတ်နိုင်ဆုံး)ပြောသင့်ရေပိုင် ရခိုင်စစ်စစ်နာမည်တစ်လုံးကိုလေ့ ပိုင်ဆိုင်သင့်ပါရေ။ ဧချင့်ရေ ရခိုင်လူမျိုးတိုင်းအတွက် အလွယ်ကူဆုံး အလုပ်ဖြစ်ပါရေ။ ခက်ခဲနက်နဲရေ အလုပ်တိကို မလုပ်နိုင်ကေတောင်မှ လွယ်ကူရေ ဧအလုပ်ချေတိကို ရခိုင်လူမျိုးတိုင်းလုပ်နိုင်ကတ်ပါစီ လို့ဆုတောင်းလိုက်ပါရေ။ ခိုင်မင်းဇံ(ရခိုင်ပြည်)

No comments:

Post a Comment