Sunday, March 9, 2014

ရခိုင် ဗဟိုစည်

                                                                        
  
  







နောင်---- ဒူ---- နောင်(ဒိုင်း)---- ဟိန်း---- ဟိန်း---- ဟိန်း
ရှေးခေတ် ရခိုင်တို့သည် တစ်နေ့တာကို နာရီ(၆၀)စီဖြင့် ရေတွက်ခဲ့ကြသည်။ ယင်းသို့ ရေတွက်ရာတွင် နာရီ အမျိုးအစားအားဖြင့် သုံးမျိုး ခွဲခြားထားသည်။ (၁) ရေနာရီ၊ (၂) သဲနာရီ၊ (၃) ကြက်နာရီ ဟူ၍ ဖြစ်သည်။ သဲ နာရီနှင့် ကြက်နာရီတို့ကို နေရာဌာန အချို့တွင် သင့်လျော်သော အချိန်ကာလာကို သိနိုင်ရန် အသုံးပြုခဲ့ကြ သည်။ ရေနာရီကိုကား ဌာနအသီးသီး၌ အသုံးပြုခဲ့ကြသည်။ ယင်းသို့အသုံးပြုရန် လိုအပ်သော ပစ္စည်းများကို စုံလင်စွာထားရသည်။

ယင်းတို့မှာ (၁) အ၀န်းအစောက် တူညီစွာ ပြုလုပ်ထားသော အင်တုံကြီး ၃လုံး နှင့် (၂) ကြေးဖလား ၃လုံး တို့ ဖြစ်သည်။ အချိန်နာရီ တိုင်းတာရန် ပဟိုရ်တီးရန် လုပ်သားများမှာ (၁) အင်တုံ ၃လုံးကို စောင့်နေရန် လူ ၃ယောက်၊ (၂) ရေဖြည့်ခြင်း၊ ရေသွန်ခြင်း ပြုလုပ်ရန် လူ ၂ယောက်၊ (၃) ပဟိုရ်တီးရန် လူ ၂ယောက်၊ စု စု ပေါင်း(၇)ယောက် အမှုထမ်းရသည်။ မဟာပဟိုရ်စင်တော်ကြီးမှာမြောက်ဦးမြို့တွင် နန်းတော်မြို့ရိုး၊ တံတိုင်း ၃ထပ်အနက်၊ တတိယမြို့ရိုးနှင့် ဒုတိယမြို့ရိုးကြားတွင် တည်ရှိသည်။

နန်းတော်၏ တောင်ဘက်၌ရှိသော ပေသကူတောင်တွင် တည်ဆောက်ခဲ့သည်။ မြောက်ဦးမြို့တည် သမိုင်း ကျမ်း ဒုတိယတွဲဖြစ်သော (မြောက်ဦးမြို့ ဥပနီသျှကျမ်းတွင်ယင်းတောင်ကို မြောက်ဦးမြို့တည်စဉ်က တောင် အမည်၊ ချောင်းအမည်၊ အရပ်အမည်များကို ခေါ်ဝေါ်ကြရန် မင်းစောမွန်နှင့် အမတ်ပညာရှိ သုခမိန်များ၊ ဟူးရား ဗေဒင်အရာ၌ လိမ္မာသော ပုရောဟိတ်များတိုင်ပင်၍ ဂါမ၊ နိဂါမ၊ ပဗ္ဗတ၊ နဒီ အစရှိသည်တို့ကို နာမ၊ သညာန မင်္ဂလာပွဲပြုလုပ်ပြီး သမုတ်ခေါ်တွင်ခဲ့ကြလေသည်။

ယင်းအချိန်က ယင်းတောင်ကို ပေသကူတောင်ဟု အမည်သမုတ် ခဲ့ကြသည်။ ပဟိုရ်စည်တော်ကြီး ထားရန် စင်တော်ကြီးကို ဆောက်ပြီးမှ ရွှမ်းတောင် (ယွန်းတောင်)ဟု အမည်တွင်လာသည်။ ပဟိုရ် စည်တော်ကြီး ၏ အောက်ခြေအုတ်မြစ်ကို ကျောက်တုံးကြီးများဖြင့် တည်ဆောက်ပြီး ခေါင်မိုးပြဿဒ်ဝယ် ၅ဆင့်မိုး သည်။ လေး ထောင့်ပုံဖြစ်ပြီး စည်တော်ကို ပိတောက်သားဖြင့် ပြုလုပ်ပြီး သားရေကြက်သည်။ စည်တော်ကို တွဲရန် ပွတ် လုံးတိုင်တွင် ပွတ်လုံးတန်းငွေကြိုးဖြင့် တွဲထားသည်။ တွဲခုံတစ်ခုလုံးနှင့် စည်တော်သစ်သား ကို ရွှေပိန်းချ ထားသည်။ စည်တော်တီးရန်လက်ရိုက်မှာ ဆင်သားရေတုံးဖြစ်သည်။ ဗျက်လက်လေးသစ်၊ အရှည်တတောင့် တထွာ ရှိသည်ဟုဆိုသည်။ စည်တော်တီးသည့် အချိန်ကာလကို နန်းတွင်းမိညို၏ "'စည် 'တော်ပဟိုရ်၊ ကျွန်ုပ် ဆိုသား"ချီသော ကိုယ်ရည်သွေးရတု ပိုဒ်စုံတွင် တင်ပြထားသည်။ အကျယ်ကို မဆိုပြီ။ တီးပုံ၊တီးနည်းကိုသာ တင်ပြပါမည်။

စည်တော်တီးပုံ

တစ်ချိန်စည်တီးသောအခါ တစ်ပဟိုရ်ဟုဆိုသည်။ ၄ပဟိုရ်တီး တစ်မောင်းပြည့်သည်။ ၄ပဟိုရ်တစ်မောင်းဟု ဆိုသောကြောင့် မောင်းကြီးတစ်လုံးကို တစ်ချိန်တီးရသည်။ ဤအကြောင်းနှင့် စဉ်လျဉ်း၍ ပဟိုရ်စင်တော် တွင် မောင်းသုံးလုံးရှိသေးသည်။ "ဒူ"ဟုအသံထွက်သော မောင်းတစ်လုံးတို့ ဖြစ်သည်။ ဒူမောင်းနှစ်လုံးတွင် "ဒူဟူဟူ" ဟူ၍ ဟိန်းသံထွက်သော မောင်းတစ်လုံး ရှိသည်။ ဒူ---- ဟူ၍ ရိုးရိုးအသံထွက်သော မောင်းနှင့် "နောင်"ဟူ၍ ရိုးရိုးအသံထွက်သော မောင်းတစ်လုံးတို့မှာ အတိုင်းအတာ အတူတူ ပြုလုပ်ရသည်။ ဤရိုး ရိုး မောင်းနှစ်လုံးသည် အတိုင်းအတာ ၄တောင်ပတ်လည်စီ ရှိသည်။ "ဒူဟူဟူ" ဟူ၍ ဟိန်းသံ ထွက်သော မောင်း ကြီးမှာ ၆တောင်ပတ်လည် ရှိသည်။ ၄ပဟိုရ် တစ်မောင်းပြည့်တိုင်း လက်တံရှည် ခရာကြီးကို တစ်ကြိမ်စီမှုတ် ရသည်။ တစ်ပဟိုရ်ပြည့်သောအခါ နောင်မောင်းကိုတစ်ချက်၊ ဒူမောင်းကို တစ် ချက်၊ နောက်ထပ် နောင် မောင်းကို တစ်ချက်တီးပြီးလျှင် ဆင်သားရေ လက်ရိုက်ဖြင့် ပဟိုရ်စည်တော်ကို တစ်ချက်တီးလိုက်ရသည်။ ယင်းသို့တီးရာတွင် စည်တီးခြင်း၏ အင်္ဂါရပ်နှင့်ညီစွာ အနှေးတီး၊ အလျင်တီး၊( အမြန်တီး၊ စောင့်တီး၊ ချိန်တီး၊ သံပြိုင်တီး)ဟူ၍ အင်္ဂါရပ်များရှိသည်။ ယင်းတို့အနက် ဒူမောင်း၊ နောင်မောင်း တို့ကို တီးခတ်ရာတွင် စောင့်တီး နှင့် အမြန်တီးနှစ်မျိုးကို အသုံးပြုသည်။

ရှေးခေတ်မြန်မာနှင့် ရခိုင်တို့၏ တစ်နေ့စီကို တွက်ချက်၍ နာရီ ၆၀-စီ သတ်မှတ်ထားကြရာတွင် နေ့နာရီ၊ ညနာရီဟူ၍ နှစ်ပိုင်းခွဲထားသည်။ ယင်းသို့ခွဲထားရာ၌လည်း ယခုခေတ်စက်နာရီကဲ့သို့ ၁၂-နာရီ ပိုင်းခြား ထား ခြင်း မဟုတ်ပေ။ ဥတု ၃-ပါးတို့တွင် နေထွက်နေ၀င်ကို အကြောင်းပြု၍ နေ့နာရီနှင့် ညနာရီကို အနည်း အများ ပိုင်းခြားထားကြသည်။ "ပတ်သံတာရှည်တီးသံမြည်" ဟူသောကဗျာ၏ အဆိုအတိုင်း ရေတွက် ခဲ့ကြ သည်။

သို့ရာတွင် ဘာသာရေးနှင့် ယဉ်ကျေးမှုရေးရာ အတွက် အသုံးပြု
                                         

Mg Zin Myo


No comments:

Post a Comment