ဒီနေ့ ရှင်းနေမကောင်းလို့ မုန်တီချက်စားတာမိုသူငယ်ချင်းတွေကို သတိရလို ဝေမျှလိုက်တယ်နော်။
ရှင်းတို့ ရခိုင်လူမျိုးတွေရဲ့ ဒေသအစားအစာလေးတခု ဖြစ်တဲ့ ရခိုင်မုန့်တီလေးပါ ရှင်။
ဂုဏ်ယူဝမ်းမြောက်စွာဝေမျှလိုက်ပါတယ်
မြိန်ရေယှက်ရေ စားသုံးနိုင်ပါတယ် ။
မုန့်တီချက်မယ်ဆို
ပါဝင်ပစ္စည်းများကတော့
- ငါး
- ပဒဲကော (Galanga)
- ဂျင်း
- မန်ကျည်းမှည့်
- ငပိ
- ငရုတ်သီးစိမ်း
- မုန့်ဖတ်
-ငရုတ်ကောင်း
-ငရုတ်သီးအစိမ်းမစားတဲ့ လူ က အစိမ်းစားမုန့် ကို ဆီးသတ်ပီး ထည့်စားလိုရတယ်
- ထည့်စားဖို့ ကြက်သွန်ဖြူ ဆီကျက်၊ နံနံပင် ၊ ပဲကြော်၊ ငါးဖယ်ငါးဆုတ်၊ငါးမုန့်(ငါးမုန့်ဆိုတာက ငါးပြုတ်ထားတော့ အချိုကုန်သွားတာကို မွမွလေးတွေလုပ်ပီး ဆီသတ်ဆနွင်းမုန့်လေးထည့်ပီး ကျွတ်ကျွတ်လေးလုပ်တာကိုပြောတာ)
ကဲစချက်မယ်နော် ငါးပိလိုသလောက်လေးကို ရေနဲ့ အရင်ဆေးလိုက်မယ် ခါးတာတွေမပါအောင် ပြီးရင်ငါးပိအနံ့ ပျောက်အောင်တည်ထားမယ် ရေးများများနဲ့တည်ထားမယ်။ ငါးကတော့ ငါးကြင်း ၊ ငါးခူ၊ငါးရွေ စသဖြင့်ငါးကို စင်အောင်ဆေးကြော်ပီး ငါးကို ဆား၊ငံပြာရည် တို့ပဒဲကော၊ဂျင်းတို့နဲ့ ရောပြုတ်မယ် ၊၊ငါးပိအနံ့ပျောက်ပီး ဆို ငါးပြုတ်တဲ့ ထဲရောထည့်လိုက်မယ် ။ ငါးကို ဆယ်လိုက်ပီး ငါးအသားကိုနွင်ထားမယ်ပြီးတော့ ငရုတ်သီးစိမ်းထောင်းထားမယ်၊မန်ကျည်းရည်ဖျော်ထားမယ်
၊ဟင်းရည်ပွတ်လာပီးဆို အပေါ့အငန်မြည်းမယ်၊ နောက်ဆုံးကျရင်တော့ ငရုတ်ကောင်းလေးနဲ့ ကြက်သွန်ဖြူကို တပြားရိုက်ပီးထည့်လိုက်မယ်။ကဲ ပြီးပါပီး ဟင်းရေမွှေးမွှေးလေး ငါးများများနဲ့ ပဒဲကော အနံ့လေး မွှေးကြိုင်နေတဲ့ ပူပူစပ်စပ် ရခိုင်မုန့်တီ အရည်လေး ရပါပြီရှင်။အပူအစပ်ကတော့ လိုသလို ထည့်စားသုံးနိုင်ပါတယ် ။အစပ်မစားနိုင်တဲ့ သူတွေကလည်း လိုသလို ပြုပြုင်စားသုံးနိုင်ပါတယ်။
ပုံတွေကတော့ရှာဖွေကူးယူထားတာပါ။အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
![]() |
ပဒဲကော (Galanga in English) |
No comments:
Post a Comment