Filed under ရခိုင်ရိုးရာယဉ်ကျေးမှု …
ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ – သားရွှေဦး(ကစ္ဆပ)
ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ – သားရွှေဦး(ကစ္ဆပ) တောရွာသဘာဝအတိုင်း တစ်ရွာတွင်ပွဲရှိလျှင် တစ်ရွာကမနေနိုင်ဆိုသလို တပေါင်းလရောက်လျှင် မြစ်နား ရွာမှာ “ဒုံးပွဲရှိတယ်ဟဲ့”လို့ ကြားလျှင်ပင် ဒုံးပွဲကို ကြည့်ရဖို့ လက်ချိုးရေတွက်ရပြီး ဒုံးပွဲကို ရွာကလူကြီး၊ လူငယ်များပါမကျန် လှည်းများစီတန်းသွားခဲ့ကြသည်။ နေ့ခင်းဘက်တွင် ဒုံးယိမ်းကပွဲကို တစ်၀ကြီးကြည့်၊ ညဘက်ကျလျှင် ဇာတ်ပွဲမိုးအလင်းကြည့်နှင့် ကျေးလက်သဘာ၀ တောသူတောင်သားများ ပျော်ကြရသည်။ ဒုံးယိမ်းများမှာ ရွာနှစ်ဆယ်၊ သုံးဆယ်မှ ယိမ်းအဖွဲ့များက အပြိုင်လာကြခြင်းဖြစ်သည်။ ဂိုဏ်းချုပ် ဆရာတော်ကြီး ပွဲဆိုလျှင် ယိမ်းက ပိုများသည်။ နောက်ဆုံးနေ့မှ ယမ်းတုံးများကို ပစ်ဖောက်ကာ ပူဇော်ကြပြီး ရုပ်ကလာပ်ကို မီးရှို့ကြသည်။ ယင်းအချိန်က ရွာတစ်ရွာတွင် ယိမ်းတစ်ယိမ်းတော့ ရှိကြသည်။ ယခုနှစ် မောင်တောမြို့နယ်အတွင်းက ရွာသာယာကျေးရွာဒုံးပွဲကို ရောက်ခဲ့သည်။ ဒုံးပွဲနှင့် ဒုံးယိမ်းမှာ ရခိုင်ပြည်နယ်တစ်ဝန်းတွင် ယခုတိုင် … Continue reading »
ရခိုင်ရိုးရာ ဒိုးကစပ်ပွဲ
လူမျိုးတိုင်းမှာ ရိုးရာ အားကဇပ်နည်း အမျိုးမျိုးဟိကတ်ပါရေ။ ရခိုင်ဒေသ အားကဇပ်နည်းများမှာ ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်တေပိုင် အချင်းချင်း စည်းလုံးညီညွတ်မှုနန့် စည်းကမ်းလိုက်နာမှု အဖွဲ့ လိုက်နန့် တစ်ဦးချင်း ကြိုးစားစိတ်ဟိမှု အလေ့အကျင့်တိကို ရရှိစီပါရေ။ ယင်းအားကစားနည်းများမှာ ဆိုပါကေ ကျင်ပွဲ၊ ရထားပွဲ၊ ရီလှီပြိုင်ပွဲ၊ ကုန်းလှီပြိုင်ပွဲ၊ အောင်လူပြိုင်ပွဲ၊ အဗြီးပြိုင်ပွဲ၊ ဒေါင်းပြောက်ခုန်ပွဲ၊ ကြက်ခွတ်ပြိုင်ပွဲ၊ ဒိုးပြိုင်ပွဲ၊ ခတ်ကျောက်သီးပြိုင်ပွဲ၊ ဂိုင်ထိုးပွဲ၊ ကွမ်းသီးဝှက်ပွဲ၊ ဆိတ်ခိုးပွဲ၊ အပင်တက်ပြိုင်ပွဲ၊ ချေတိုင်တက်ပွဲ၊ ငှက်ပျောပင်တက်ပြိုင်ပွဲ ဆိုပြီးကေ ကစပ်တေနည်း အများကြီးဟိကတ်ပါရေ။ ယင်းအားကစပ်တေပွဲမှာ လူကြီးလူငယ်စုပေါင်းလို့ တစ်မျိုး၊ အပျို လူပျိုး စုပေါင်းလို့တစ်မျိုး၊ အပျိုမချေတိ သက်သက်တစ်မျိုး၊ လူပျိုချေတိ သက်သက်တစ်မျိုးစီ ခွဲခြား ကဇတ်ရရေပွဲတိ ဟိခပါရေ။ ဒိုးပြိုင်ပွဲဆိုပါက အပျိုချေတိ … Continue reading »
ရခိုင်တူရိယာနှင့် ဂီတ
ရခိုင်တူရိယာနှင့် ဂီတတို့သည် မည်သည့်အချိန် မည်သည့်ကာလကပင် ပေါ်ပေါက်လာသနည်း။ အကျွန်၏ ယနေ့အထိ ဆန်းစစ်ဝေဖန်ကာ စုဆောင်းရဟိသမျှသော စာဟောင်းပေဟောင်း၊ ရခိုင်သက်ကြီး မိဘတို့ထံမှ စာပေဗဟုသုတ အားလုံးအနက်မှ အနည်းငယ်ဖော်ပြပါအံ့။ မည်သည့်အတွက်ကြောင့် အနည်းငယ် ဖော်ပြရ သနည်းဟူမူကား အလွန်ရှည်လျားမည် စိုးသောကြောင့်တည်း။ ယင်းအတွက်ကြောင့် ရခိုင်တို့၏ မူလဂီတမှာ ရှေးလွန်လေပြီးသော ဘုရားအဆူဆူတို့၏ ပွင့်တော်မူရာ မဇ္စျိမ ဒေသအရပ်နှင့် ကမ္ဘာဦးသူတို့၏ မင်းအဆက်ဆက်တို့မှ ဆင်းသက်လာသည်။ ရခိုင်ပြည်တွင် တိုင်းကြီး ဆယ့်ခြောက်တိုင်း၊ ပြည်ကြီးဆယ့်ခြောက်ပြည် အပါအဝင်ဖြစ်သော ရမ္မပူရပြည်၊ ရမ္မဝတီမြို့၊ သမုတ္တိဒေ၀ မင်းဆက်မှစ၍ ဖြစ်ထွန်းလာခဲ့သည်။ ထိုမှတဆင့် မဟာဝိရ မင်းဆက်တို့၏ ပျော်စံရာ ဝေသာလီမြို့တော်ကြီး ၌ စန္ဒြားမင်းဆက်တို့သည် စိုးစံခဲ့ကြ၏။ယင်းအခါကပင် ယခုရခိုင်တို့၏အသံဖြင့် စပ်ဆိုသုံးစွဲကြကုန်သည့် ရေလား လှေတော်သံတစ်ခုနှင့် သိင်္ဂ … Continue reading »
ရက္ခိုင်အကများနှင့် ပျော်ပွဲသဘင်များ
၁။ ဒုံးကြမ်းအက၂။ ဒုံးယိမ်းအက၃။ ပင့်ကူအကခေါ် ရှေးဇာတ်နိပါတ်များကို ကပြခြင်းများ၄။ ငစည်အက၅။ ကြိုးတန်းလျှောက်တိုင်တက်အက၊ (စကြော့စုအစို့သားများက ကကြသည်။)၆။ နဂါးအက၇။ တိုးအက၈။ ဆံတောက်ပိုးအက၉။ ရှေးသူရုပ်မကြီးများအက၁၀။ ရုပ်သေးအက၁၁။ နတ်အက၁၂။ ၁၂ ရာသီပွဲသဘင်များ ၁။ ဒုံးကြမ်းအက ဒုံးကြမ်းအကဆိုသည်မှာ လူလတ်တန်းအရွယ်များတို့သည် အနည်းဆုံး ၂၅ယောက်မှ အများဆုံး၄၀၊ … Continue reading »
ရခိုင်ရှေးဟောင်း ပြွီငါးမျိုး
ရခိုင်အမျိုးသားများတွင် ကိုယ်ပိုင်တူရိယာပစ္စည်းများရှေးမဆွကပင်ရှိခဲ့သည်။”ကြေး၊ကြိုး၊ သားရေ၊လေ၊လက် ခုပ်” ဟူ၍ တူရိယာပစ္စည်းအမျိုးအစားများကို စာလုံးအတိုကောက်ဖြင့် မှတ်တမ်းတင်ထားခဲ့ကြသည်။ “ကြေး”မှာ ကြေးဖြင့်ပြုလုပ်ရသော တူရိယာပစ္စည်းမျိုး၊ “ကြိုး”မှာ ကြိုးကိုအသုံးပြု၍ ပြုလုပ်ရသော တူရိယာ ပစ္စည်းမျိုး၊ “သားရေ”မှာ သားရေကို အသုံးချ၍ပြုလုပ်ရသော တူရိယာပစ္စည်းမျိုး၊ “လေ”မှာ လေကိုအသုံးချရ သော တူရိယာပစ္စည်းမျိုးဖြစ်ပြီး “လက်ခုပ်”မှာ လက်ခုပ်၊ဝါးလက်ခုပ်၊ သစ်လက်ခုပ် စသည်တို့ဖြစ်ပါသည်။ လေကိုအသုံးချ၍ ပြုလုပ်ရသော တူရိယာပစ္စည်းမျိုးတွင် ပလွေ(ခေါ်)ပြွီတစ်မျိုးလည်း ပါဝင်သည်။ ပြွီသည် ရခိုင်ပြည်နယ်၌ အခြားတူရိယာပစ္စည်းများ ထွန်းကားခဲ့သောအချိန်မှစ၍ ရှေးဟောင်းပေဟောင်းများတွင် လည်း အထောက်အထားတွေ့ရှိရသည်။ မြောက်ဦးမြို့ရှိ ရှေးရုပ်တုများတွင် ပြွီမှုတ်ဟန်များကို ယနေ့တိုင်တွေ့ နိုင်ပါသေးသည်။ ရှေးပဒေသရာဇ်မင်းများခေတ်က ပြွီသည် နန်းတွင်းထဲသို့ပေါက်ရောက်ခဲ့သည်။ ရခိုင်ဘုရင် သီရိသုဓမ္မမင်း လက်ထက် ဦးရာဇ်တောင်မြို့ဝန် ဘိသိက်ခံမင်္ဂလာ၌ ဧည့်ခံဖြေဖျော်ရာတွင် အခြားအခြားသော … Continue reading »
ရခိုင်ရိုးရာ ငစည်ရှာ ပြဇာတ်အကြောင်း
ရခိုင်ရိုးရာ ငစည်ရှာ ပြဇာတ်အကြောင်း ရခိုင်ရိုးရာ ငစည်ရှာရာဇဝင်ပြဇာတ်ကြီးသည် ရခိုင်ပြည်နယ်တွင် ထင်ရှားသောပြဇာတ်ဖြစ်သည်။ ရခိုင် ယဉ် ကျေးမှုကို အရေးပါ အရာရောက်အောင် ထောက်ပံ့ပေးသော ပြဇာတ်တစ်စောင်လည်း ဖြစ်သည်။ ယခုလက်ရှိအချိန်အခါတွင် ငစည်တတ်များလည်း ရှားပါး ပျောက်ကွယ်နေချိန်ဖြစ်၍ မူရင်းဇာတ်အတိုင်း အနှစ်သာရပြည့်၀သော ပြဇာတ်အဖြစ် ကပြနိုင်သူ ရှားပါးနေပြီဖြစ်သည်။ နဂိုမူလမှာလည်း ပျက်စပြု နေပြီဖြစ်သည်။ နဂိုမူရင်းဇာတ်ချင်းသည်လည်း နောက်မကြာမီတွင် ပျောက်ကွယ်သွား နိုင်ပေသည်။ ထို့ကြောင့် ယဉ်ကျေးမှုတစ်ရပ် မကွယ်ပျောက်ရအောင် ပြန်လည် တင်ပြရခြင်း ဖြစ်သည်။ ငစည်ရာဇဝင် ပြဇာတ်ကို စီစဉ်တင်ပြသူမှာ မင်းဟရီလက်ထက် အမှုထမ်းသော အမတ်ကြီး ဦးဒိုးဝေ ဖြစ်သည်။ အခြားတစ်ဦး ဦးဒိုးဝေဆိုလျှင် ရခိုင်ပြည်နယ်၌ သာမက မြန်မာပြည်တလွှားကပင် ရာဇဝင်ဆရာအဖြစ် သိကြပါသည်။ သက္ကရာဇ် ၁၁၂၆ … Continue reading »
ကျင် အားကစားပညာ
ကျင် အားကစားပညာ ပြည်ထောင်စုမြန်မာနိူင်ငံတွင် နေထိုင် ကြ သည့် တိုင်းရင်းသား လူမျိုးအသီးသီး မှာ ရိုးရာ အားကစား နည်း များရှိကြသည်။ အ လားတူ ရခိုင် တိုင်း ရင်း သားများမှာလည်း အားက စား နည်း များ စွာ ရှိ သည့် အ နက် ထင်ရှား သည့် အားက စား နည်း တစ်ခုမှာ “ ကျင် “ အား ကစား နည်း ပင် ဖြစ်သည်။ “ကျင်”ပ ညာ သည် တုတ်၊ ဓါး၊ လက်နက် များ ကို မကိုင်ဆောင်ဘဲ တစ်ဘက် ရန်သူကို မိမိ … Continue reading »
ပန်းရထားဆွဲပွဲ
သမိုင်းအကျဉ်း ရှေးခေတ် ရထားဆွဲပွဲ ဗုဒ္ဓရှင်ေတော် ဂေါတမမြတ်စွာဘုရားရှင် ခမည်းတော်မှာ ကပိလဝတ်ပြည်ရှင် သုဒ္ဓေါဒနမင်း ဖြစ်ပြီး မယ်တော်မာယာမှာ ဒေဝဒဟတိုင်းပြည်သူဖြစ်သည်။ မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူချိန်၌ မိမိဇာတိမြေ ဒေဝဒဟပြည်သို့ ပဋိသန္ဓေအမှန်ရှိနေကြောင်းသက်သေပြရန်ပြန်လာစဉ် လမ်းခရီးဝက် တိုင်းပြည်နှစ်ပြည်ကြား “လုမ္ဗိနီတော´´ရှိ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက်ခုနစ်ရက်နေ့တွင် လွန်တော်မူသည်။ ထိုစဉ် ကပိလဝတ်တိုင်းနှင့် ဒေဝဒဟတိုင်း နှစ်ပြည်ထောင်သားအပေါင်းတို့မှာ မယ်တော် မာယာ အကြွင်းအကျန် ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့် တစ်ပြည်နှင့်တစ်ပြည် အငြင်းပွားဖွယ်ဖြစ်လာပါသည်။ သို့ဖြစ်ပါ၍ မယ်တော်မာယာ၏ ကြွင်းကျန်ရုပ်ကလာပ်တော်ကို ပန်းယိုင်ရထားဆင်ပြီး နှစ်ပြည်ထောင်သားအပေါင်းတို့က အပြိုင်ဆွဲကာ ဆုံးဖြတ်ခဲ့ရကြောင်း သိရပါသည်။ ရခိုင်ရိုးရာ ရထားဆွဲပွဲအစ သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နှင့် ဦးမြဝါ … Continue reading »
သင်္ကြန်လ ရခိုင်ပြိုင်လောင်းပွဲ
ရခိုင်ပြည်တွင် သင်္ကြန်လ၌ ရီလောင်းပွဲကိုလည်းကောင်း၊ ကျင်ပွဲ (ခေါ်) လက်ပန်းလုံးပွဲကိုလည်းကောင်း၊ လှီပြိုင်ပွဲ (ခေါ်) ပြိုင်လောင်းပြိုင်ပွဲကိုလည်းကောင်း ရာသီပွဲများအဖြစ်ကျင်းပလေ့ဟိသည်။ ဤဆောင်းပါး၌ ပြိုင်လောင်းပွဲသဘင် ဆင်ယင်ကျင်းပပုံကို တင်ပြလိုပါသည်။ ပြိုင်လောင်းပွဲကို သင်္ကြန်လတွင်ကျင်းပကြောင်း စာဆိုဥက္ကာပျံ ရွှန်းလိုက်ရတု၌ “ရက္ခမှန်ဖူး၊ မြောက်ဦးရွှီပြည်သာ၌များစွာသည် ရွှီလှီပေါင်းသိင်္ဂနဒီ နန်းတောင်ဆီဝယ်ရွှီလှီမင်းဆိပ်ချောင်း၌တသောင်းသောင်းပျော်စဉ်တွင်တူစုံရှုကြည့်ချင်သည် သင်္ကြန်အခါတည်းလေ” ဟု ရွီးဖွဲ့ထားသည်ကိုတွိရသည်သာမက တန်းခိုးဆရာထွန်းကြီးကလည်း -“လှီပွဲသဘင်၊ ရီထဲတွင်၌ ၊ ပျော်ရွှင်မြူးထူး၊ မင်းလွင်ကျူးလျှက်၊ တန်ခူးခါမှီ၊ လရာသီဝယ်၊ လောကီဘာသာ၊ ဓမ္မတာဖြင့်၊ နာဝါချင်းယှဉ်၊ လောင်းချင်းပြိုင်လျှက်၊ ငါနိုင်သူယှုံး၊ တပြုံးပြုံးနှင့်၊ ဖက်နှုန်းလှီလှော်၊ ရီအပေါ်၌၊ ရွှင်ကာပျော်မွိ၊ လုပ်ကြံမိအောင်၊ လှီဖွဲ့သံချို၊ ဆိုသူတဖြာ၊ လှော်သူတဝ၊ ကသူအပေါင်း၊ တသောင်းသောင်းနှင့်၊ မောင်းတဟီးဟီး၊ ခတ်တီးမညံ၊ အောင်လံဝီဝီ၊ ပြိုင်လှီပြိုင်လောင်း၊ ရီချောင်းမလပ်၊ ပရိသတ်များ၊ ပွဲကြည့်သားရို့” … Continue reading »
No comments:
Post a Comment