Sunday, August 17, 2014

<<< နိုင်ငံကို ဒီလိုလူမျိုးတွေ ဦးဆောင်နေပါတယ် တိုင်းသူပြည်သားတွေခင်ဗျား>>>



 
(၁) သမတ-ကစပြောရပါမယ်
တိုင်းပြည်မှာ မြေသိမ်းယာသိမ်းတွေအလွန်များပြီးသမတကြီးလည်းမရှင်းနိုင်ဘဲနဝေတိမ်တောင်ဖြစ်နေတာတွေ့
ရတယ် ၁၇၉၉ပြင်သစ်တော်လှန်ရေးမှာမြေသိမ်းယာသိမ်းခရိုနီတွေကြီးစိုးလူထုငတ်ပြတ်တော့ ပေါင်မုန့်ရရှိရေး
ဒို့အရေးလုပ်တော့ ပြင်သစ်နန်းတော်က မာရီအွန်တွိုင်းနက်က လယ်သမားတွေဘာတောင်းတာလဲတဲ့ မူးမတ်
တွေကိုမေးတယ် စားစရာမရှိလို့ပေါင်မုန့်တောင်းတာလို့ပြောတော့ မာရီအွန်တွိုင်းနက်မိဘုရားကပြောတယ်
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါတဲ့ ဒီစကားတခွန်းကြောင့်ပြင်သစ်တော်လှန်ရေးမှာလူထုအာဏာသိမ်းလိုက်
တယ် ဒုတိယသမတ ၂၀၀၀ /တန် ရွှေဥာဏ်တော်ဦးဥာဏ်ထွန်းကြီးခင်ဗျား
(၂) လယ/်စိုက်ဝန်ကြီး ဦးမြင့်လှုင်ကတော့သနားငဲ့ညှာသောအားဖြင့် ကြွေးတင်ရင်ကျွန်ဖြစ်ပြီ
သံသရာကမလွတ်မှာကို စိုးရိမ်ပူပန်တဲ့အတွက် ပြည်သူအပေါင်းကြွေးဆပ်နိုင်အောင် ထမင်းတနပ်လျှော့စားပါ
တဲ့ခင်ဗျား၊ အမျှော်အမြင်ကြီးပုံများကို ပြချင်တာ ဒါပေမဲ့ပြည်သူနဲ့ကင်းကွာနေကြောင်းတွေ့ရတယ်။
(၃) လမ်းတခြမ်းခင်း အောင်သိန်းလင်းကတော့-စစ်တိုက်ဖို့တိုက်လေယာဉ်တွေဝယ်တာပါတဲ့
စစ်တိုက်စရာမရှိရင် လူတင်ယာဉ်ဝယ်ပြီး စီးပွားရှာမှာပါတဲ့ခင်ဗျား၊ ငြိမ်းချမ်းရေးလိုချင်သူများကမ္ဘာသူကမ္ဘာသား
နှင့်တိုင်းရင်းသားညီကိုမောင်နှမများ ငြိမ်းချမ်းရေးကို အားကျိုးမာန်တက်ကြိုးစားအားထုတ်နေတဲ့ တိုင်းရင်းသား

ခေါင်းဆောင်များ သတိထားနိုင်အောင်လို့ပါ။
၂၀၁၁ နှစ်ကုန်ခါနီး ပွင့်လင်းရာသီအစ ကချင်ဒေသမှာတိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်
လမ်းတခြမ်းခင်း အောင်သိန်းလင်း ပြောသလို စစ်တိုက်ဖို့ဝယ်ထားတဲ့ ဒုံးကျည်တပ် ဂျက်တိုက်လေယာဉ်တွေ
သုံးပြီး သွေးရင်းသားရင်း တိုင်းရင်းသားညီအကိုဖြစ်သော ကချင်(k.I.A) ကိုစီမံချက်နဲ့စိစိညက်ညက်ကြေ
အောင် စစ်ရေးအစွမ်းကိုပြသွားတယ်၊
ဒီဇင်ဘာလ ၆ ရက်နေ့မှာ အရပ်တပိုင်း စစ်တပိုင်း(ဖားတပိုင်း ငါးတပိုင်း)သမတ ဟုခေါ်ဆို
သော ဦးသိန်းစိန်က နိုင်ငံတကာဖိအားများလာတဲ့အတွက် တိုက်ပွဲတွေရပ်ဖို့အမိန့်ထုတ်ခဲ့တယ်၊ လူသိရှင်ကြား
ညွှန်ကြားခဲ့တယ်၊ ဒါပေမဲ့ စစ်တိုက်တဲ့ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် က မရပ်တဲ့အပြင်တိုက်ပွဲတွေကို
အရှိန်အဟုန်မြှင့်ပြီး စစ်အင်အားတိုးမြှင့်လိုက်တယ်၊ အဲဒီကစပြီး သမတ ဟုခေါ်ဆိုသော ဦးသိန်းစိန်မှာလည်း
ဘာအာဏာမှမရှိဘူးဆိုတာ ပေါ်လွင်စေခဲ့ပြီး သမတ မှာအရှက်ကွဲ မင်းအောင်လှိုင်မှာသာ အာဏာရှိကြောင်း
အထင်အရှားအတိအလင်း ပြသသွားနိုင်ခဲ့တာကို တွေ့ရပါတယ်၊ ၂၀၀၈ နာဂစ်သချိုင်း ဖွဲ့စည်းပုံမှာ ကာကွယ်
ရေးဦးစီးချုပ်သာ အာဏာရှိတယ် အလိုလျှေက်အာဏာသိမ်းပြီးသားဖြစ်နေတယ်၊ ကြည့်မယ်ဆိုရင် အခန်း(၃)
ပုဒ်မ ၅၈၊ အခန်း(၅) ပုဒ်မ ၂၀၁ တို့ကြောင့်သမတ မှာအာဏာမရှိ ကာကွယ်ရေးဦးစီးချုပ်မှာသာအာဏာ
ရှိတယ်ဆိုတာကို တိုက်ပွဲတွေအရှိန်အဟုန်မြှင့်ပြီး ထင်ရှားအောင်ပြသသွားခဲ့ပါတယ်၊ ဓာတုလက်နက်အသုံးပြု
ကြောင်းသတင်းတွေမှာ ကြားလိုက်ရသေးတယ်၊တိုင်းရင်းသားခေါင်းဆောင်များ တိုင်းရင်းသားညီအကိုများ
နိုင်ငံရေးခေါင်းဆောင်များ လွှတ်တော်အတွင်းရောက်ရှိနေသော မဲရ မဲမရ မဲခိုး မဲလိမ် လည်သလိုရောက်ရှိ
နေသော ပုဂ္ဂိုလ်အပေါင်းတို့စဉ်းစား ဆင်ခြင် သုံးသတ် ဆုံးဖြတ် နိုင်ရန်အသိပေးခြင်းသာဖြစ်ပါတယ်။
(၄) Bullet ဒုတိယဗိုလ်မှုးကြီးလှဆွေ
ဦးလှဆွေ ကတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် လူမှုရေးအသင်းအဖွဲ့အဖြစ် ကြော်ငြာပြီး
တိုင်းပြည်နဲ့ကမ္ဘာကို လှည့်စား နိုင်ငံ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ပြီး လွတ်တော်ထဲကိုရောက်လာတဲ့ အလွန်
ကြော်ကြားတဲ့ လွတ်တော်ရဲ့ (speaker) Bulletဦးလှဆွေလို့ခေါ်ပါတယ် ငြိမ်းရေးလုပ်ငန်းစဉ်အစမှာ ကချင်
(KIA)ကိုအပြတ်တိုက်ဖို့ အကြံပေးခဲ့တဲ့ သမိုင်းဝင် စကားကတော့ ရွှေလက်နဲ့ခေါ်လို့မလာတဲ့(KIA) ကို
Bullet ကျည်ဆန်ပေးလိုက်ရင် ကောင်းမယ်တဲ့ လို့လွှတ်တော်ထဲမှာရော တိုင်းပြည်အတွင်းမှာ လူသိထင်းရှား
ကြော်ကြားတဲ့ ကြံ့နဲ့ဖွတ် စပ်ထားတဲ့( ကြံ့ဖွတ် နိုင်ငံရေးပါတီ)၏လွတ်တော်ကိုယ်စားလှယ်အဖြစ်လည်းထင်ရှား
ကျော်ကြားသူဖြစ်ပါတယ်။
(၅) ပါးရိုက်ပက်စက်တဲ့ ဗိုလ်ချုပ်အုန်းမြင့်
ပြည်သူပြည်သားအပေါင်း လယ်သိမ်း ယာသိမ်း မြေသိမ်းခံကြရသောတောင်သူလယ်
သမားများနှင့် အမှုထမ်း အရာထမ်း စက်ရုံအလုပ်ရုံရှိ ကာယ ဥာဏ အလုပ်သမားများ ခင်ဗျား နယ်လှည့်ပါးရိုက်
လာတဲ့ ဗိုလ်ချုပ် အုန်းမြင့် ကိုတော့သတိထားရလိမ့်မယ်၊ ဘယ်နိုင်ငံရေးသမားမဆို ပါးရိုက်ရဲတယ်တဲ့ ပါးရိုက်တဲ့
အုန်းမြင့်နဲ့မတွေ့အောင်ရှောင်နိုင်ဖို့လိုအပ်နေပြီိ၊ နိုင်ငံထူထောင်ရေးမှာ အကြီးတန်းနိုင်ငံတော်အရာရှိ အစိုးရ
အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူနဲ့ဆက်ဆံတဲ့အခါ မလွှဲသာမရှောင်သာ တွေ့ဆုံခဲ့ပါက (ယဉ်ကျေးလိမ္မာ) သင်တန်းကျောင်းတစ်ကျောင်းသို့ တက်ရောက်သင်ယူစေခြင်း(သို့)ဓမ္မစကူး ကျောင်းသို့
ယဉ်ကျေးလိမ္မာပြီး တိုင်းပြု ပြည်ပြု တိုင်းပြည်အကျိုးကို ရှေ့ရှုပြီး ပို့ဆောင်ပေးကြပါရန် ပြည်သူအပေါင်း ပါးရိုက်မခံရစေလိုသောကြောင့် ဆင်ခြင် စဉ်းစားနိုင်ရန်အသိပေးခြင်းသာဖြစ်ပါသည်။

 
 ဒီမိုး ဒီလေ ဒီသူခိုးတွေနဲ့ ဆက်ရေးပါအုံးမည်။
မင်းရန်အောင်
ကျေးဇူးတင်ပါသည်
Top of Form

No comments:

Post a Comment