Sunday, August 31, 2014
တကမ္ဘာလုံးကို ခြိမ်းချောက်နေတဲ့ အိုင်းစစ်(ISIS) သို့မဟုတ်
အိုင်ဆယ်(ISIL) အေးချမ်းစွာ နေထိုင်လိုကြတဲ့ မွတ်စလင် အသိုင်းဝိုင်းသို့ ပန်ကြားမေတ္တာရပ် ခံချင်တာကတော့ မိမိတို့ရဲ့ သားသမီးများအား ဒီအစွန်းရောက် စစ်သွေးကြွအ ဖွဲ့တွေနဲ့ ကင်းကင်းရှင်းရှင်း နေထိုင်ကြဖို့၊ သွားရောက်မပူးပေါင်းကြဖို့ သွန် သင်ဆုံးမပေးကြပါ။ ဥရောပ နိုင်ငံများနဲ့ အမေရိကန် နိုင်ငံတွေမှာလည်း ခု ဆိုရင် ခေါင်းခဲစရာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တပ်သားသစ်တွေ စု ဆောင်းနေကြောင်း ဖေါ်ထုတ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဆီးရီးယားက စစ်သုံ့ပန်း သုံးရာကျော်(သတင်းတခုမှာက တစ်ရာကျော်)ကိုလည်း ခုရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးပြီး သဲ ကန္တာရထဲခေါ်သွားကာ ကွပ်မျက်လိုက်တဲ့ ဗွီဒီယိုဖိုင်လည်း ထွက်ပေါ်လာ ခဲ့ပါတယ်။ သမတ အိုဘားမားလည်း နည်းဗျူဟာသစ်တွေကို တွေးတော ကြံဆနေရပြီ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment