Sunday, August 31, 2014

အမေရိကန်အနုပညာရှင် Jim McNalis ရဲ့ ဗမာ့သူရဲကောင်းပုံတူပန်းပုများ

 ကမ္ဘာကျော် သူရဲကောင်းများ၊ လူကြမ်းများကို ပန်းပုထုပြီး တင်ဆက်သူ၊ လက်ဆောင်ပေးသူ၊ နာမည်ကြီး အနုပညာရှင် Jim McNalis က မြန်မာပြည်၏ နိုင်ငံရေးအကျဉ်းသား၊ လူထုသူရဲကောင်း၊ ပြည်သူ့လူရွှင်တော် များကို ဂုဏ်ပြုကာ ပန်းပုရုပ်များကို ထုလုပ်ဂုဏ်ပြုလေ့ရှိပါတယ်။ သူ့ပန်းပုရုပ်တွေထဲမှ ကျနော်တို့ ဗမာနိုင်ငံသူရဲကောင်းတွေရဲ့ ပန်းပုရုပ်ထုတွေကို အင်တာနက်အကူအညီနဲ့ ရှာဖွေတွေ့ရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကရင့်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သော ဗိုလ်ချူပ်မြ၊ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၊ လူရွှင်တော် ဇာဂနာ၊ လူရွှင်တော် နှုတ်ခမ်းမွှေး ညီအကိုသုံးဦး၊ အပြင် လူကြမ်း အာဏာရှင်
ဗိုလ်ချုပ်မှူးချုပ်ထိပ်ခေါင်ကြီး သန်းရွှေကို ဝက်တိရိစ္ဆာန်ကိုယ် စစ်ဦးထုတ်မှာအရိုးခေါင်း မျက်နှာမှာ မျက်မှန်နက်ကြီးတပ်ထားတဲ့ တဇောက်ကမ်းမျက်ကမ်းမျိုးချစ်စစ်ဝါဒီစရိုက်အပြည့်နဲ့ သရော်ထားတဲ့ ပုံတူပန်းပု ထုလုပ်ပြီး စစ်အုပ်စုကိုလှောင်ပြောင်ထားပါတယ်။ ဒီရက်အတွင်းမှာ

ပန်းပုဆရာကြီး Jim McNalis (ဂျင်မက်နလစ်) က သူ့အီးမေးကနေ ဆရာကြီး ဦးဝင်းတင် ပန်းပုရုပ် ပြီးပြီဆိုပြီး ပရိသတ်ကို ဓာတ်ပုံများ ရိုက်ပြီး အကြောင်းကြားထားသည်ကို တွေ့ရသည်။













Photo Credit: မိုးမခဓာတ်ပုံသတင်း နှင့် Jim McNalis အင်တာနက်ပုံများ ၊ သြဂုတ် ၂၈၊ ၂၀၁၄

No comments:

Post a Comment