၉-၉-၂၀၁၄ ရက်နိန့်မှာ ကျရောက်ရေ ဆရာတော်ဦးဥတ္တမ၏ (၇၅)နှစ်မြောက် နိန့် အား ဂါရ၀ပြုလွှာ
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နိန့်မှာ ဆရာတော်ဦးဥတ္တမ ပျံလွန်တော် မူလခစွာ ၇၅ နှစ်ရှိပါဗျယ်၊ ဒေနိန့် ဒေရက်မှာ ဆရာတော်ကို အောက်မိ ဂုဏ်ပြုရေအနီနန့် ရခိုင်ပြည်နယ်နှင့် တခြား ရခိုင်တိရောက်ရှိနီရေ နီရာတိမှာ ဦးဥတ္တမနိန့် အခမ်းအနားလုပ်ပြီးကေ ဆရာတော်ကို အောက်မိ သတိရ ဂါရ၀ပြု ပွဲတိ လုပ်ကတ်စွာကို မြင်ရလို့ ကကောင်း ၀မ်းသာပီတိ ဖြစ်မိပါရေ။
တစ်နှစ်တစ်ကြိမ် ဖြစ်မြောက်အောင် လုပ်ဆောင်ပီးကတ်တေ ဖြစ်မြောက်ရေးကော်မီတီတိ အနီနန့် လည်း၊ သမိုင်းပီးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာစွာနန့်တူပါရေ။ ရခိုင်ရို့၏ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသစွာနန့်လည်းတူပါရေ။ ယင်းပိုင် ရခိုင်အာဇာနီ တိကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာရေ မျိုးဆက်သစ်လူငယ်တိ အတွက် မျိုးချစ်စိတ်တိ နိုးထက်လာပြီးကေ ရခိုင် နိုင်ငံရီး တော်လှန်ရီး တိမှာ တတ်အားသလောက် ပါဝင် လာနိုင်လိမ့်မည်ဟုလည်း ကျွန်တော်အနီနန့် မျော်လင်းမိပါရေ။
ဦးဥတ္တမ ဆိုရေ နာမည်ကို ကြားစွာနန့် ကျွန်တော်ရို့ မျက်စိနှင့် မမြင်ဖူးလိုက်ကေလေ့ သူရေ ရိုးသားရေ၊ ဖြောင်မတ်တေ၊ မွန်မြတ်ရေ၊ အများအကျိုးအတွက် သူ့ကိုယ်ကျိုး၊ သူ့ရပိုင်ခွင့်၊ သူ့အခွင့်အရီး တိကို အရေးမစိုက်ပဲ ကိုယ့်အသက်ကိုပါ စတေးပီးဝံ့ရေ သူရဲကောင်းတစ်ယောက် အဖြစ် ကျွန့်တော်ရို့၏ ဦးနှောက် အာရုံကြောဆီကို အလိုလို ရောက်ရှိလားနိုင်အောင် စွမ်းဆောင် နိုင်ရေ နာမည်တစ်ခုပါ။

မြန်မာနိုင်ငံရေးအစ ဦးဥတ္တမက လို့ ကျွန်တော်ရို့ အားလုံး ဆိုစမှတ်ပြုရရေပိုင် ဆရာတော်ဦးဥတ္တမ ရေ(၁၉၁၁) ခုနှစ်မှစ၍ ၁၉၃၆ ခုနှစ်ထိ (၂၅) နှစ်တိုင်တိုင် မြန်မာနိုင်ငံသားရို့၏ ကျွန်စိတ် ကိုဖျောက်ဖို့အတွက် “သေမြေကြီး ရှင်ရွှေထီး ” “ဒိုင်အာကီ သပိတ်တရား” “မပြေးသော် ကန်ရာရှိ” “မိန်းမလောက်မှ သွေးမနီ” “ကျွန်ပညာမလိုချင်” “အမျိုးသားပညာရေး” “ကိုယ်ပိုင်အုပ်ချုပ်ရေး” “ဇာတိပုည ဂုဏ်မာန” “ရွိုင်ရယ်ကော်မရှင် သပိတ်” ရို့အပါအ၀င် တရားပေါင်း မြောက်များစွာ နန့် မြန်မာနိုင်ငံရေးအတွက် အဆက်မပြတ် တော်လှန်းရေးအသိ နိုင်ငံရေးအသိတိ သွပ်သွင်းပီးခရေ၊ လမ်းညွန်ပီးခရေ၊ မျိုးစေ့ချပီးခရေ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တစ်ဦးဖြစ်ပါရေ၊
ယေရာလည်း ဆရာတော်၏စွမ်းဆောင်ကြိုစားမှုတိကို မြန်မာပြည်သူ အများစုက လျစ်လျူရှု ဥပေက္ခ ပြုထားခြင်းသည်ကား ဆရာတော်၏ ကျေးဇူးအား အရေးမထားခြင်းပင်ဖြစ်ပါသည်။ ဇာပိုင်ပင်ဆိုဆို မြန်မာပြည်သူများက ဆရာတော်ကို မသိခကေလေ့ ဆရာတော်ကား မြန်မာပြည်သားတိကို သိခရေဆိုစွာက တောခါ သမိုင်းက ချန်းထားလီိဖို့ မထင်ပါ။

ဒေနိန့် ရခိုင်သူ၊ ရခိုင်သားတိ ဆရာတော်အား ဂါရ၀ပြခြင်းသည် သမိုင်းက ဆရာတော်အား သိကြောင်း ကို ဖော်ပြခြင်းဖြစ်ပါရေ၊ နောက်လာလာမည့် နှစ်ပေါင်းများစွာမှာလည်း ဆရာတော်နိန့်အား ရခိုင်သူ၊ရခိုင်သားတိ မပြုန်းစင်လီသရွီ ဆရာတော်အား ဂုဏ်ပြုလားပါဖို့ဆိုစွာကို ရောက်ရာဘ၀က ဆရာတော် သိမြင်နိုင်ပါစီ လို့ ပြော ကြားရင်း ကျွန်တော် မောင်ပေါ်ထွန်းမှ လိုက်လိုက်လဲလဲ ဂါရ၀ပြုလိုက်ပါရေ။
ပေါ်ထွန်း
No comments:
Post a Comment