ဖုန်း ၊ ကွန်ပျူတာ အသုံးပြုပြီး ငွေရှာနိုင်ပါတယ်။
Paidverts ဆိုတာ My Traffic Value ( Investment ) Sites ရဲ့ Owner Jo Cook ပိုင်တဲ့ ငွေရှာဆိုဒ်တစ်ခုဖြစ်ပါတယ်။
Jo Cook ဟာ စည်းကမ်းရှိပြီး ငွေပေးစနစ်ကို Member များအတွက်အကောင်းဆုံးစီမံခန့်ခွဲပေးနိုင်တဲ့ Admin တစ်ဦးဖြစ် ပါတယ်။ သတင်း Update အသစ်များထုတ်ပြန်စရာရှိပါကလည်း သူ့ရဲ့ Facebook စာမျက်နှာနဲ့ My Traffic Value Website မှာ သတင်းထုတ်ပြန်ပါတယ်။ Jo Cook ရဲ့ Member များအ အပေါ်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှုတွေကြောင့် သူ့ရဲ့ ငွေရှာဆိုဒ်တွေဟာ တစ်ရှိန်ထိုးနာမည်ကြီးလာခဲ့ပါတယ်။ ကဲအခု Jo Cook ရဲ့ Paidverts ဆိုတဲ့ ငွေရှာဆိုဒ်အ ကြောင်းကိုစပြောပါ့မယ်။
Paidverts ငွေရှာဆိုဒ်ဟာ Point တွေနဲ့ ကြော်ငြာငွေကြေးကို ချပေးတဲ့ ဆိုဒ်တစ်ခုဖြစ်ပါတယ်.. မိမိမှာ Point များများရှိ လေ ချပေးတဲ့ကြော်ငြာတန်ဖိုးက မြင့်တက်လာလေပါဘဲ။ ဥပမာ ကျွန်တော်မှာ Point 500 BAP ရှိတယ်ဆိုပါစို့ ဒါဆိုရင် မိမိရရှိတဲ့ ကြော်ငြာများဟာ $0.001 တန်ကြော်ငြာများဖြစ်ပါမယ် တစ်ခါတစ်လေ $0.0005 တန်ကြော်ငြာများဖြစ်နေ တတ်ပါတယ်။ တစ်ကယ်လို့ မိမိမှာ Point 2000 BAP လောက်ရှိလာပြီဆိုရင် တစ်နေ့ရရှိမယ့်ကြော်ငြာ တန်ဖိုးက $0.01 (or) $0.20 တန်အထိရရှိတတ်ပါတယ်.. ဒီတော့ ကိုယ့်မှာ Point BAP များများရလေ မိမိရရှိတဲ့ ကြော်ငြာတန်ဖိုးက မြင့် တက်လာလေဖြစ်ပါတယ်.. Point တစ်ခုမှမရှိရင်တော့ ဘာကြော်ငြာမှရမှာမဟုတ်ပါဘူး .. Point တွေကို ကြော်ငြာ Click လုပ်ရင်းနဲ့ရနိုင်သလို Games ကစားရင်းနဲ့လည်းရနိုင်ပါတယ် .. နောက်တစ်နည်း ၀ယ်ထည့်ရင်လဲရပါတယ်။ 1$ ပြည့်ရင် ငွေစထုတ်လို့ရပါပြီ။ အိုကေ .. ဒါဟာ Paidverts မှာ ငွေရှာဖို့ အကြမ်းဖျင်းနည်းပါဘဲ ..အိုကေ လုပ်ပုံလုပ် နည်းတွေ ဆက်ကြည့်ကြပါစို့။
အရင်းဆုံး မှတ်ပုံတင်ရပါမယ်
မှတ်ပုံတင်ရန် (ဒီမှာဝင်ပါ)
ပြီးရင် CREATE ACCOUNT ကိုနှိပ်လိုက်ပါ။ ဒီနေရာမယ် တစ်ခုသတိထားရမှာက မိမိဖြည့်လိုက်သည့် မွေးနေ့ မွေးရက်ကိုသေချာမှတ်သားထားပါ။ ငွေထုတ်ရင်မွေးနေ့မွေးရက် မေးပါတယ်။
အိုကေ .. အားလုံးပြည့်စုံတယ်ဆိုရင်တော့ Open Account ကိုသာနှိပ်လိုက်ပါ။ ဒါဆိုရင်မှတ်ပုံတင်ခြင်းအောင်မြင်သွားပြီး Account ထဲသို့ဝင်ရောက်သွားပြီဖြစ်ပါတယ်။ ပြီးရင် VIEW ACTIVATION AD ကိုနှိပ်လိုက်ပါ။
ဒီနေရာမယ် နည်းနည်းပြောပြပါ့မယ်.. Member စ၀င်တဲ့သူတွေအတွက် ပထမရက်မှာ မည်သည့် ကြော်ငြာကိုမှရရှိမှာမဟုတ်ဘဲ Points BAP များသာ ရရှိပါလိမ့်မယ်..ကျွန်တော်အထက်မှာပြောခဲ့ တဲ့အတိုင်းပါဘဲ BAP များလေကြော်ငြာ တန်ဖိုးများလေ.. BAP ဘာမှမရှိပါက ဘာ ကြော်ငြာမှရှိမှာမဟုတ်ပါဘူး။ အခုလဲ အဲအတိုင်းပါဘဲ..အကောင့်စစဖွင့်ချင်းဆိုတော့ BAP မရှိတဲ့အတွက် ဘာကြော်ငြာမှမရှိပါဘူး ..ဒီတော့ BAP တွေကို စပြီး စုရပါတော့မယ်..အိုကေ… VIEW ACTIVATION AD ကိုနှိပ်ပြီးတာနဲ့ အောက်ကအတိုင်း BAP တွေပေါ်လာပါလိမ့်မယ်။
ဒီနေရာမယ်ကျွန်တော်တစ်ခုအသိပေးချင်တာက အကောင့်စစဖွင့်ပြီးတဲ့ရက်မှာ Point ( BAP ) တွေဘဲ ပေးပါလိမ့်မယ်.. ပိုက်ဆံရဖို့ Click ရမယ့်ကြော်ငြာတွေကိုတော့ ပေးမှာမဟုတ်ပါဘူး..နောက်တစ်နေ့မှာ ပြန်ကြည့်လိုက်ပါ.. Point (BAP) တွေနဲ့ ကလစ်လုပ်ဖို့ ပိုက်ဆံရမယ့်ကြော်ငြာတွေပါပေးပါလိမ့်မယ်။

အိုကေ ကျွန်တော်တို့ တစ်ခုချင်းပဲ Click လုပ်ရမှာပါ…တစ်ချို့က ကပ်သီးကတ်သပ်မေးတယ်ဗျ ကြော်ငြာတွေကိုအကုန် တစ်ပြိုင်တည်း ကလစ်လုပ်မရဘူးလား တဲ့.. ဟုတ်ကဲ့မရပါဘူး..ငွေရှာဆိုဒ်ရဲ့ စည်းမျဉ်းကိုက တစ်ခုပီးမှတစ်ခု ကလစ်ဖို့ ပြောထားပီးသားပါ..အိုကေ.. BAP စုလိုက်ရအောင် .. ပုံမယ်မြင်တာကတော့ 50 BAP ဖြစ်နေပေမယ့် တစ်ခါတစ်ရံ 100 BAP ဖြစ်တတ်ပါတယ်.. အရင်ဆုံး view activation ad ကိုနှိပ်ပြီးတစ်ခုကို စတင် Click လိုက်ပါ..ဒါဆိုရင်အောက်ပါအ တိုင်းပေါ်လာပါလိမ့်မယ်။
အကွက် 1 2 3 ဆိုပီးသုံးကွက်ရှိတယ်.. ကျွန်တော်တို့က ဘာလုပ်ပေးရမလဲဆိုရင် အပေါ်ဆုံးမယ်ပြထားတဲ့ စာလုံးအစိမ်း နဲ့ရေးထားတဲ့စာသားတွေကို အောက်က Box အလွတ်တွေမှာ ကော်ပီကူးထည့်ရမယ်ဗျ .. ဒီလိုထည့်လိုက်တာနဲ့ ညာ ဘက်ခြမ်းမှာ အမှန်ခြစ်လေးတွေဖြစ်သွားပါလိမ့်မယ်.. အိုကေ.. သည်နေရာမယ်ကျွန်တော်တစ်ခုပြောချင်တယ်… သတိချပ် ဖို့ပေါ့ .. နံပတ် 3 အကွက်မှာ တိုက်ရိုက်ကော်ပီကူးမရဘဲ တစ်ခါတစ်ရံ လက်နဲ့သည်အတိုင်းရိုက်ထည့်ရပါတယ်။ အောက်က ပုံလိုပေါ့။
အိုကေ နံပတ်သုံးအကွက်မှာ တိုက်ရိုက်ကူးချလို့မရတဲ့အတွက် လက်နဲ့ဘဲရိုက်ထည့်လိုက်ရပါတယ် .. ပြီးတာနဲ့ Check captcha ကိုနှိပ်လိုက်ပါ… ပြီးတာနဲ့ အောက်က Proceed to Advertisers Website ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် သူပြသလိုတဲ့ Website ကျလာပါလိမ့်မယ်.. စက္ကန့် ၃၀ ကြည့်ရပါမယ်..ကြည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း Confirm နှိပ်လိုက်ပါ.. ဒါဆိုရင် Complete ဖြစ်သွားပါလိမ့်မယ်။
အိုကေ .. COMPLETE ဖြစ်သွားပြီဆိုတာနဲ့ အဲသည်ကြော်ငြာကိုပိတ်လိုက်လို့ရပါပြီ .. ပြီးတာနဲ့အောက်ပါ ပုံအတိုင်းမူလ Box တွေနေရာမှာ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။ အောက်ဆုံးက View Another ad ဆိုတာကိုနှိပ်ပါ.. မနှိပ်သေးခင် ညာဘက်အခြမ်းမယ် Paid Ads ( 12 ) ဆိုတာရှိပါတယ်..ဘာလဲဆိုရင် Click လုပ်စရာ ကြော်ငြာ 12 ခုရှိ တယ်လို့ပြောတာဖြစ်ပါတယ်.. အိုကေ.. Paid Ads ကိုဘဲနှိပ်နှိပ် .. View another ad ကိုဘဲနှိပ်နှိပ် အတူတူပါဘဲ။
ဟုတ်ပြီ.. BAP တွေကိုရော .. ကြော်ငြာတွေကိုရော သည်နည်းအတိုင်းသာ Click လုပ်သွားပါ။ မိမိမှာရှိ တဲ့ BAP အရေအတွက်ကိုသိချင်ရင်တော့ Member Home Page ကိုနှိပ်လိုက်ပါ။ ပြီးတာနဲ့ Paid Ads ကိုနှိပ်ပါ.. ဒါဆိုရင် မိမိ ရရှိထားတဲ့ BAP အရေအတွက်ကိုတွေ့ရပါပြီ။ ကျွန်တော့်မယ်တော့ 7003 BAP ရထားတာတွေ့ရပါလိမ့်မယ်။
အိုကေ အခုကျွန်တော်တို့ကြော်ငြာ လဲ Click တတ်သွားပြီ .. BAP တွေလဲကြည့်တတ်သွားပြီနော်.. BAP တွေက နည်းနည်းချင်းလျော့ လျော့သွားပါတယ်..ဒါကလဲ ကြော်ငြာပြနိုင်ဖို့ BAP တွေကို အော်တို လျော့ပေးတဲ့စနစ်ပါ..ဒါကြောင့် BAP တွေကို စုနိုင်သမျှစုပါ..၀ယ်နိုင်ရင်ဝယ်စုပါ… BAP လျော့တယ်ဆိုတာကလည်း တစ်နေ့တစ်နေ့မှ နည်းနည်းဘဲလျော့ တာပါ.. BAP များလေ ကြော်ငြာတန်ဖိုးများလေဆိုတာ သိထားပေးပါ။ အိုကေ.. ကျွန်တော်တို့ကြည့်စရာ ကြော်ငြာ ကုန်သွားပြီဆိုပါစို့ နောက်ထပ် အပိုဆောင်းထပ်ပြီး Click စရာကြော်ငြာတွေရှိပါသေးတယ်။ Micro Ad Pack လို့ခေါ်ပါ တယ်။ Pack 2 Set ပေးပါတယ် 1 Set မှာ Click စရာကြော်ငြာတွေ အများကြီးပါဝင်ပါတယ်။ 1 Set ကို ဖွင့်ပြီးကလစ်မယ် ဆိုရင် 50 BAP လောက်လျော့သွားပါတယ်။ အိုကေ အောက်ကပုံကိုကြည့်လိုက်ပါ။
ကြော်ငြာတွေ ကလစ်စရာကုန်သွားတာနဲ့ ဒီပုံလေးအတိုင်းပေါ်လာပါတယ်.. ဒါကျနော်ပြောတဲ့ Ad Pack ပါဘဲ.. ကျွန်တော် 1 pack ကို ကလစ်ထားလို့ 1/2 လို့ပြနေတာပါ… အဲသည်ထဲကိုဝင်ပြီးကြော်ငြာတွေကို ကလစ်လို့ရပါတယ်.. အဲသည်ထဲကို တစ်ချက် ကလစ်လို့မရရင် သုံးချက်လောက် ကလစ်ပြီးဝင်ပါ။
Paidverts မှာ ငွေအရမြန်ဖို့ နည်းလမ်း ၂ မျိုးရှိပါတယ်.. ပထမနည်းလမ်းကတော့ Point ( BAP ) တွေကို များများရအောင် စုတာပါ .. စုနည်းကတော့ ပေးထားတဲ့ BAP ကြော်ငြာတွေကိုကိုပုံမှန် Click သွားခြင်းဖြင့်စုပါမယ်။ ဒုတိယနည်းကတော့ Games ကစားခြင်းဖြင့် စုပါ့မယ်၊ Point တွေများချင်ရင် Games ထဲမှာ သွားဆော့လို့ရတယ်ဗျ .. ကျွန်တော်ဆိုရင် Point 500 နဲ့ ခေါင်းပန်း လှန်တဲ့ဂိမ်းကိုဆော့တာ တစ်ရက်အတွင်း Point 9000 လောက်ကိုနိုင်သွားတယ်.. နိုင်သွားပြီး နောက် နေ့မရက်ရောက်တော့ ကလစ်ရမယ့်ကြော်ငြာတွေက 1$ တန် ၊ 0.03 $ တန်တွေဖြစ်လို့နေပါတယ်..တန်ဖိုးများတာပေါ့ .. အဲဒါနဲ့ ဂိမ်းတွေဆော့ကောင်းကောင်းနဲ့ဆော့လိုက်တာ 16000 Point အထိနိုင်သွားတယ်ဗျ.. လောဘတက်ပြီးဆက် ဆော့တာ နောက်ဆုံး 1000 Point လောက်အထိကိုရှုံးသွားတော့တာပါဘဲ .. နောက်တစ်နေ့ မနက်ပေးတဲ့ကြော်ငြာတွေရဲ့ တန်ဖိုးဟာ 0.001$ တန်တွေ ၊ 0.0005$ တန်တွေဖြစ်ကုန်တော့တာပါဘဲဗျာ.. ဒီတော့ Point အရေအတွက်ဟာ အဓိက ကျ တယ်ဆိုတာသဘောပေါက်လောက်ပြီထင်ပါတယ်.. ၊
အိုကေ နောက်တစ်နည်း Point များအောင်လုပ်တဲ့နည်းတစ်ခုရှိပါတယ်..ဘာလဲဆိုရင် ၀ယ်ထည့်ရတာပါဘဲ .. PayPal ကနေ၀ယ်ထည့်နိုင်ပါတယ် 1$ ဖိုးဝယ်ထည့်ရင် Point 3300 လောက်ရပါတယ် .. ကျွန်တော်ကတော့ စစချင်းမှာ ငွေမြန်မြန်တက်အောင် 4$ ဖိုးလောက် ၀ယ်ထည့်လိုက်ပါတယ်။ အိုကေ .. ၀ယ်ထည့်လိုက်ပြီ …. ဒုတိယနည်းကိုဆက် ကြည့်ပါ။

ဒုတိယနည်းလမ်းကတော့ ကိုယ့်ဆီမှာ Member ၀င်အောင် Member ဖိတ်ခေါ်တာပါ.. ဘယ်လို ဖိတ်ခေါ်ရလဲဆိုရင် အောက်က ပုံမယ်ပြထားတဲ့အတိုင်း Refer Friends ကိုနှိပ်လိုက်ပါ.. ပြီးရင် အနီကွ
င်းဝိုင်းပြထားတဲ့အထဲက Link ကိုကူးပြီး သူငယ်ချင်းကိုပေးပါ..ထို့နောက် သူငယ်ချင်းကို လုပ်ပုံလုပ်နည်းသင်ပြပြီး Member ၀င်ခိုင်းလိုက်ပါ..ဒါဆိုရင်ကိုယ့်ဆီကို ၀င်လာတဲ့ Member ဖြစ်ပါပြီ.. အောက်မှာမြင်ရတာတွေကတော့ ကျွန်တော့်ဆီမယ် Member ၀င်ထားကြတာတွေပါ လော လောဆယ်တော့ 13 ယောက်ရှိပါတယ်။
အိုကေ.. ကောင်းပြီ ကျွန်တော်တို့ ပထမနည်းနဲ့ပြန်ဆက်လိုက်အောင် ပထမနည်းတုန်းက ကျွန်တော် 4$ ဖိုးဝယ်ထည့် ထားတယ် .. ကျွန်တော့်ရဲ့ Member ကလဲ 13 ယောက်ရှိတယ်.. အဲသည် ၀ယ်ထည့်ထားတဲ့ 4$ ဖိုးဟာ 12ရက်အတွင်း အရင်းကြေသွားပါတယ် .. အောက်ကပုံကိုကြည့်ပါ.. 4$ ၀ယ်ထည့်ပီးနောက်ပိုင်း တက်လာတဲ့ တန်ဖိုးမြင့်ကြော်ငြာတွေပါ
ကဲမြင်တဲ့အတိုင်းပါဘဲခင်ဗျ .. တန်ဖိုးအလွန်မြင့်တဲ့ကြော်ငြာတွေပါဘဲ .. ဒီ Paidverts ငွေရှာဆိုဒ်မှာ 1$ ရတာနဲ့ ထုတ်လို့ရပြီလို့ကျနော် အထက်မယ်ပြောခဲ့တယ်နော်..အခုပုံကိုဘဲကြည်ပါ 1$ တန်ကြော်ငြာပါနေတော့ ကျွန်တော် ဒီ 1$ ကိုထုတ်ချင်ရင်ထုတ်လို့ရနေပြီလေ အိုကေ .. ဒါကတော့ ကျွန်တော် Point 4$ ဖိုးဝယ်ထည့်ပြီး ကိုယ့်ရဲ့ Member ၀င် တွေကိုရှာသွားတာပါဘဲ။ ကျွန်တော်အကြံပေးချင်တာက တစ်ကယ်လို့ မိမိက Point တွေ ၀ယ်မထည့်ချင်ဘူးဆိုရင် ပိုက်ဆံများများရအောင် Member များများသာရှာပါ ၊ Member အများကြီးလဲမရှာနိုင်ဘူးဆိုရင်တော့ အနည်းဆုံး Member 15 ယောက်လောက်ရှာပြီး Point ၀ယ်ထည့်ပါ။ ဥာဏ်ရှိသလိုထိန်းသွားပါ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ အထာ ပေါက်သွားတော့တာပါဘဲ။
အားလုံးအဆင်ပြေကြပါစေဗျာ.... မသိတာရှိရင်လည်း မေးမြန်းနိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျာ.... မသိတာရှိရင်လည်း မေးမြန်းနိုင်ပါတယ်။
by.,adflycreator@gmail.com မှ မျှဝေသည်...
No comments:
Post a Comment