
Facebook မှ သင့်သူငယ်ချင်းများကို စနောက်ချင်ရင်တော့ Status အတုများ ပြုလုပ်နိုင်ပါတယ်။ Celebrity များ၊ နိုင်ငံခေါင်းဆောင်များက သင့်ရဲ့ စတေးတပ်ကို Like , Comment ပြုလုပ်ထားတဲ့ Fake Status များကို သင့်သူငယ်ချင်းများ မြင်တွေ့ရရင် အံ့သြ သဘောကျမှာ သေချာပါတယ်။ ဒီလို ပြုလုပ်နိုင်တဲ့ Tools များစွာ အင်တာနက်မှာ ရှိနေပါတယ်။ Status သာမကဘဲ News Feeds နဲ့ Chat အတုများ ကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။
The Wall Machine
The Wall Machine က Fake Status များပြုလုပ်ဖို့ အလွန်ကောင်းတဲ့ Web App တစ်ခုပါ။ အဲဒီ Tool ကို အသုံးပြုဖို့ သူ့ရဲ့ ၀က်ဆိုက်ကိုသွားပြီး သင့်ရဲ့ Facebook အကောင့် နဲ့ Log In ၀င်ရမှာပါ။ ပြီးရင်တော့ Fake Status , Comments များကို လွယ်ကူစွာ ဖန်တီးနိုင်ပါပြီ။ Relationship Update, Friendship Update, Photo, Events များကို ပြုလုပ်ဖို့ ခလုတ်များကို ပံ့ပိုးပေးထားပါတယ်။ The Wall Machine က နမူနာ စတေးတပ် အတုများကို ပြသပေးထားပါတယ်။ နမူနာ စတေးတပ်ကို သင့်စိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ်။ ပြုလုပ်ထားတဲ့ Fake Status ကို ဓါတ်ပုံအနေနဲ့ သိမ်းဆည်းပြီး Facebook မှာ မျှဝေနိုင်ပါတယ်။
http://goo.gl/FnlCsE

Status Clone
Status Clone ကတော့ The Wall Machine လို သင့်ရဲ့ Facebook ID ကို အသုံးပြုစရာမလိုတဲ့အတွက် အလုပ်ရှုပ်သက်သာပါတယ်။ Classic သို့မဟုတ် Timeline Format နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ Classic Mode ကို အသုံးပြုရင်တော့ နှစ်များစွာ အကြာက Facebook ဒီဇိုင်းကို တွေ့ရမှာပါ။ စတေးတပ် အတု ပြုလုပ်ပြီးရင်တော့ ဓါတ်ပုံ အနေနဲ့ သိမ်းဆည်းနိုင်ပါတယ်။
http://goo.gl/vaq8kX

Simitator
Simitator က အပေါ်က နှစ်ခုလိုပဲ စတေးတပ် အတုများဖန်တီးပေးနိုင်သလို Facebook Chat Log အတုများကိုပါ ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီအတွက် သင်နဲ့ Celebrity တစ်ယောက် စကားပြောနေတဲ့ Chat Log အတုများ ဖန်တီးပြီး သူငယ်ချင်းများကို လှည့်စားနိုင်တဲ့အတွက် ပျော်ရွှင်စရာများ ပြုလုပ်နိုင်ပါတယ်။ Simitator ကို အသုံးပြုရတာ အလွန်လွယ်ကူပါတယ်။ သင်ဖန်တီးနေတဲ့ စတေးတပ် အတုကို ဘေးဘက်မှာ Live Preview အနေနဲ့ ပြသပေးမှာပါ။ ပြုလုပ်ပြီးတဲ့ စတေးတပ် အတုကို JPEG ဖိုင်အနေနဲ့ သိမ်းဆည်းနိုင်ပါတယ်။ Simitator က Twitter, Snapchat, Yahoo Answers , iOS Texts အပါအ၀င် အခြား လူမှု ကွန်ရက်များနဲ့ Messenger များအတွက်ပါ Fake Status နဲ့ Chat Log အတုများ ပြုလုပ်ပေးနိုင်ပါတယ်။
http://goo.gl/E19dHk

FbStatusVia
Facebook Status အစစ်များကနေပဲ သူငယ်ချင်းများကို ကြွားချင်ရင်တော့ FbStatusVia ကို သုံးပါ။ FbStatusVia ၀က်ဆိုက်မှာ iPhone နဲ့ တန်ဖိုးကြီး Android Phone များစွာကို ပံ့ပိုးပေးထားပါတယ်။ သင်ဟာ တန်ဖိုးကြီး စမတ်ဖုန်းကနေ ပို့စ်တင်နေတယ်လို့ သူငယ်ချင်းများကို လှည့်စားနိုင်ပါတယ်။ သင့်ရဲ့ စတေးတပ်မှာ သင့်ရဲ့ ဖုန်းအမျိုးအစားကို ပြသပေးမှာ ဖြစ်ပါတယ်။ ဖုန်းနဲ့ Gadget များအပြင် via Telepathy, via NASA Satellite စတဲ့ ရီစရာကောင်းတဲ့ စာသားများကိုလည်း အသုံးပြုနိုင်ပါတယ်။
http://goo.gl/ifXYEV

Facebook မှာ လူကြိုက်အများဆုံး ပို့စ်များဟာ ဟာသပို့စ်များ၊ ဟာသ ကာတွန်းများ ဖြစ်တယ်လို့ စစ်တမ်း များက ဖော်ပြနေပါတယ်။ သင်ဟာ Facebook မှာ နာမည်ကျော်ကြားလူသိများသူ တစ်ယောက်ဖြစ်ချင်ရင် ရံဖန်ရံခါ ဆိုသလို သူငယ်ချင်းများကို ပျော်ရွှင်စေဖို့ ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို ပြုလုပ်ချင်ရင်တော့ အပေါ် မှာ ဖော်ပြထားတဲ့ Tools များက အသုံးဝင်ပါတယ်။
www.pyaephyo.com
No comments:
Post a Comment