Friday, January 16, 2015

ရေရှားပါးမှုပြဿနာများနှင့် အခက်တွေ့နေသည့် ကျေးရွာ

ရှာဖွေစုဆောင်းသူ by mgzinmyo.....

မကွေးတိုင်း ဒေသကြီး မကွေး မြို့နယ် သပြေစမ်းအုပ်စု တောင်မင်း ကျေးရွာသည် လမ်းပန်းဆက်သွယ် ရေးမကောင်းခြင်းကြောင့် လူသိ နည်းပါးသည်။
တောင်မင်း ကျေးရွာသည် မကွေးမြို့နှင့် မဝေးကွာလှဘဲ အိမ်ခြေ ၁၅ဝ ခန့်ရှိပြီး လူဦးရေ ၅ဝဝ ကျော်ရှိကြောင်း သိရသည်။ ရွာတွင် စက်ရေတွင်းမရှိခြင်း၊ ရာသီဥတုဖောက်ပြန်၍ ကန်များ ရေတင်နိုင်မှု မရှိခြင်း တို့ကြောင့် စမ်း ရေကိုသာ အဓိကထား သုံးစွဲနေရ ကြောင်း သိရသည်။ယခုနှစ်တွင် စမ်းရေတွင်းများ သည် စောစီးစွာရေများ ခန်းခြောက်၍ တောင်မင်းရွာနေ ပြည်သူများမှာ ရေရှားပါးမှုနှင့် ကြုံ တွေ့နေရသည်။ တောင်မင်းရွာနှင့် ဆူးကောက်စမ်း ကျေးရွာကြားရှိ တစ်မိုင်ကျော်ဝေးသော စမ်းရေတွင်း မှာ နှစ်ရွာ မျှသုံးနေရ၍ စောင့်ဆိုင်း ပြီး ရေခပ်နေကြရသည်။ ရေစည် တစ်စည်ကို ငွေကျပ် ၁၅ဝဝ ပေးဝယ် ရခြင်း၊ ရေအိုးနှင့် မနားမနေခပ်မှ ရေအိုးငါးလုံးမျှသာရရှိသဖြင့် မတော် တဆမီးဘေး အန္တရာယ်နှင့်ကြုံခဲ့လျှင် ၎င်းတို့ ကျေးရွာသူ ကျေးရွာသားများ အတွက် မတွေးဝံ့စရာဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောပြသည်။
အဆိုပါကျေးရွာတွင် စက် ရေတွင်း မရှိသည့်အတွက် ရေ ရှားပါးမှုပြဿနာများ နှစ်စဉ် ကြုံတွေ့နေရကြောင်း၊ ရေအခက်အခဲ ဖြေလျှော့စေရေးအတွက် ကိုယ့်အား ကိုယ်ကိုး စက်ရေတွင်းများတူးဖော် ပါက ရေအတွက် အဆင်ပြေနိုင်မည် ဖြစ်၍ ကျေးရွာရေရရှိ ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေး စေလို ကြောင်း ဒေသခံတစ်ဦးက ပြောကြား သည်။                   ဇာဇာ(မကွေး)

No comments:

Post a Comment