အိမ်မီးလောင် နေတာကို မြင်လိုက်တဲ့ ၆နှစ်အရွယ် ကလေးငယ်သည် အဘိုး ဖြစ်သူကို မီးတွေထဲကနေ ကယ်တင်ဖို့ ကြိုးစား ခဲ့ပါသည်။ အဘိုးဖြစ်သူသည် လမ်းကောင်းကောင်း မလျှောက်နိုင်ပါဘူး။ ကလေးငယ်အနေနဲ့ အဘိုးဖြစ် သူကိုအပြင် ရောက်လာနိုင်အောင် ကယ်တင်ဖို့အတွက် ငယ်လွန်နေတဲ့ အတွက် အဘိုးသည် မြေးဖြစ်သူကို အပြင်ဘက်ကို တွန်းထုတ်ခဲ့ပါသည်။ ဒါပေမဲ့ ကလေးငယ်၏ ခန္ဓာကိုယ်သည်၂၅%လောက်မီးလောင်ခံ လိုက်ရပါသည်။
အဘိုးဖြစ်သူကို မီးထဲက ကယ်တင်နိုင်ခဲ့ပေမဲ့ အသက်ကိုတော့ မကယ်တင်နိုင် ခဲ့ပါဘူး။ ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေကတော့ ကလေးငယ်ရှေ့မှာ မငိုကြပါဘူး။ ကလေးငယ်သည်ဒဏ်ရာတွေကို ကုသနေစဉ်မှာ နာကျင်နေပေမဲ့ မျက်ရည် မကျမိဖို့ အတွက် ကြိုးစားခဲ့ပါသည်။ “အဘိုးကပြောထားတယ်၊ ယောက်ကျားလေး ဆိုတာ မျက်ရည်မကျရဘူးတဲ့။ မငိုရဘူးတဲ့။ ကျွန်တော်နာလည်းမငိုဘူး။ ဦးလေး တို့လဲ လူကြီးတွေဖြစ်နေပြီမငိုရဘူး။”
သူပြောတဲ့ စကားတွေကြောင့် လူကြီးတွေသည်သူ့ရှေ့မှာ အသံလေးတောင် မထွက်ခဲ့ကြပါဘူး။ ကလေးငယ်သည်တစ်နှစ်သား အရွယ်မှာပင်မိဘတွေ သည်သူ့ကို စွန့်ပစ်သွားခဲ့ပါတယ်။ သူသည်အဘိုးဖြစ်သူနဲ့ပဲကြီးပြင်းလာခဲ့ ရတာပါ။ ကလေးငယ်ပိုပြီးတော့ စိတ်မကောင်းဖြစ်မှာကို စိုးရိမ်တဲ့ အတွက် သူ့အဘိုးသေဆုံး သွားတဲ့ အကြောင်းကိုတော့ ကလေးငယ်ကို မပြောပြကြပါဘူး။
“ဦးလေးတွေ အဒေါ်တွေက ကျွန်တော်ကို ပိုက်ဆံတွေပေးကြတယ်။ ပိုက်ဆံ ၅သောင်းလောက်ကျွန်တော်မှာရှိတယ်။ အဘိုးကိုတော့ ပိုက်ဆံ၅သောင်းနဲ့ ကယ်တင်နိုင်မှာပါနော်။”ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့အဘိုးပေါ်မှာ ထားတဲ့ မျှော်လင့်ချက်လေးပါ။ သက်(ref:kwongwah)
No comments:
Post a Comment