( Facebook Like Page ပိတ်နည်း )
မိမိ Like ပေးထားတဲ့ Page ကို သူများမမြင်ရအောင် ဘယ်လိုပိတ်ရပါမလဲ ဆရာ, ဟုမေးလာကြပါသည်
အဲဒါလဲ အရေးကြီးချက်တစ်ခုပါဘဲနော်
မိမိ ဘာကိုများ ကလပ်ပြီး ဘာများ ညာများ Like များပေးထားဒါဟာ Facebook Account ထဲမှာ ထင်လင်းပြနေဒါပါဘဲ Sexy Page များကို Like များပေးထားလိုက်တော့လည်း မိမိ Profile ကို သူများဖွင့်ကြည့်သည့်အခါ ဘယ်ဟာကို Like ပေးထားတယ် ဆိုဒါမြင်တွေ့နေတော့ ရှက်စရာ တစ်ခုပါဘဲနော်..ဟီးဟီး..
မေးလာသည့်အခါ နောက် (ပို့စ်)တင်ပေးလိုက်ပါမယ် လို့ပြောလိုက်ပေသည်
ဒါဘေမယ့် အဲဒီ အချက်ကို Setting ပြုလုပ်ရမှာက ဖုန်းနဲ့အဆင်မပြေပါဘူးနော်
Computer, Laptop စသည်တို့ဖြင့်သာပြုလုပ်ရအဆင်ပြေပါတယ်
ကျွန်တော်လည်း အသုံးပြုနေတာက ဖုန်းနဲ့ဘဲများနေတော့ အဲဒီ အချက်ကို စာအုပ်လုပ်ဖို့ ရေးပြပေးဖို့ မဖြစ်ခ်ဲပါဘူး
အခုမှ ဖုန်းနဲ့ အသွင်ပြင်ပြီး တောင်းဆိုထားကြတဲ့ မိတ်သဟာများအတွက် ပို့စ် တင်ပေးလိုက်ပါတယ်နော်
နားလည် သဘောပေါက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်
ကဲ..စကြရအောင်ပါ
(၁) Facebook ကို Computer သိုမဟုတ် Laptop စသည်တို့မှာ Sign ဝင်လိုက်ပါ
(၂) Timeline ကိုသွားလိုက်ပါ
(၃) အပေါ်က လိပ်စာကို ပြုပြင်ပါ
ဥပမာ
http://www.facebook.com/kosoethanrakkhita ဒီလိုမြင်နေရရင်
http://www.Facebook.com/kosoethanrakkhita/likes
အပေါ်က လိပ်စာတွေ ဘာမှ မပျက်စေဘဲ အဲဒီနေရာရဲ့အဆုံးမှာ တိုးပြီးထည့်ရမှာကတော့ /likes ဖြစ်ပါတယ် ထည့်ပြီးရင် Goto ကို သွားလိုက်ပါ ကျလာတဲ့ ညာဘက် အဆုံးမှာ + add likes ဆိုတဲ့ သင်္ကေတ နေရာမြင်တွေ့ရပါမည် Click ပေးလိုက်ရင် Edit Privacy of likes ဆိုတဲ့ စာမျက်နှာဖြစ်ပါတယ် အဲဒီနေရာများ Movies, Television, Music,
Book, Sports, စသည်များစွာနေရာများအားလုံးကိုပင် ကမ္ဘာလုံးနဲ့ သင်္ကေတ နေရာကို Click ပေးပြီး Only me ရွေးထားလိုက်ပါ
ထွက်လာတဲ့ အားလုံးကိုဘဲ Only me ရွေးရပါမည် ပြီးဆုံးတဲ့နောက် အောက်တွင် Close ဆိုတ်ဲဟာကို Click ပေးလိုက်ပါ ဒါဆိုရင် ဘယ်လိုမျိုး Page များစွာကိုပင် Like ပေးထားလိုက်သော်သည်
မိမိ Like ပေးထားခြင်းကို တစ်ခြားလူတွေမမြင်ရတော့ပါဘူးနော်
အဆင်ပြေပါစေ။
ကို စိုးသန်း နည်းပညာ
No comments:
Post a Comment