ဖုန်းထဲမှာပင် Root Access ပြုလုပ်နိုင်တဲ့ APK မှာ King Root APK နဲ့ Kingo Root APK ဖြစ်ပြီး...ဒါဘေမယ့် Galaxy Android Version 5.1.1 အထိ တစ်ခြားသော Android Version 6.0.0 အထိသာ အဆင်ပြေကြပြီး Galaxy Android Version 5.1.1 အထက် ကျော်လွန်တဲ့ဟာကို ကွန်ပျူတာ PC နဲ့သာ Root Access လုပ်ရပါတယ်။
အခုတလော Android Versions တွေ အမြင့်တွေထွက်လာတော့ Root Access လုပ်ဖို့ ကွန်ပျူတာနဲ့မှအပ နည်းလမ်းမရှိဖြစ်နေကြပြီး Root Access လိုချင်ဘေမယ့် လွယ်လွယ်နဲ့မရဖြစ်နေကြသူများအတွက် ကွန်ပျူတာ မလိုဘဲ- ဖုန်းထဲမှာပင် လွယ်လွယ်နဲ့ Root Access ပြုလုပ်နိုင်တဲ့ နည်းလမ်းကို မျှဝေလိုက်ပါတယ်ဗျာ...
ပထမဆုံး လိုအပ်တဲ့ APK လေးကို ပြောပေးပါ့မယ်နော်...
၁။ Magisk Manager APK
၂။ King Root APK ဖြစ်ပါတယ်။
အထက်ဖေါ်ပြတဲ့ APK နှစ်ခုကို ဒေါင်းယူပြီး မိမိတို့ဖုန်းတွင် install ပြုလုပ်ထားပါ။
Magisk Manager APK ဖွင့်ပါ ပွင့်နေရင် Update လုပ်ခိုင်းရင်လည်း လုပ်စရာမလိုပါဘူး ဒီအတိုင်ထားပြီး ပြန်ထွက်လာပါ။
Magisk Manager APK ကို ဖုန်းထဲမှာ install လုပ်ပြီး ဖွင့်ထားလိုက်ရုံနဲ့ Root Access ဟာ သင့်တင့်ရုံ Supported ဖြစ်နေပါပြီ။ ဒါဘေမယ့် အပြီးအပိုင်မဖြစ်သေးတော့ Magisk Manager APK ကိုလည်း uninstall လုပ်လို့ရနေတာဖြစ်ပါတယ်။
King Root APK က Galaxy Android Version 5.1.1 အထိ Root Access ပြုလုပ်ပေးနိုင်ပြီး အခု Galaxy Android Version 8/9 တွေကို Root Access မပေးနိုင်ဘေမယ့် Helping Magisk Manager APK အသုံးပြုထားနေလို့ဖြစ်ပါတယ်။
ကဲ...ဒါဆို King Root APK ကို ဖွင့်ပြီး Root Access ပြုလုပ်ဖို့ ကြိုးစားလိုက်ပါ။
Rooting 20% လောက် တက်လာပြီး ပြုတ်ကျသွားပါလိမ့်မယ် ဒါဘေမယ့် မပူပါနဲ့ Magisk Manager APK က King Root APK ကို Helping အကူအညီပေးနေလို့ Root Access ကမ်းလှမ်းလိုက်ပါပြီ။
ဒါဆိုရင် King Root APK ကို ပြန်ဝင်ပြီး ဖွင့်ကြည့်လိုက်ပါ Root Access Successfully ဖြစ်နေတာကို မြင်တွေ့ပါလိမ့်မယ်...ဒါဆိုရင် Magisk Manager APK ကို အလိုမရှိတော့ပြီ uninstall ထုတ်ပစ်လိုက်ပါ။ King Root APK နဲ့ Root Access ပေးနေပြီး အသုံးပြုလိုက်ကြပါ။
Khaing Soe Than Aung
King Root APK အား ဒေါင်းယူပါ
No comments:
Post a Comment