၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် ကျရောက်သော မြန်မာ့လွတ်ရေးမီးရှူးတန်ဆောင် ကျေးဇူးတော်ရှင်ဆရာတော်ဦးဥ တ္တမ၏ (၇၅)နှစ်မြောက် စိန်ရတုကာလ၌ ကမ္ဘာတဝှမ်းပျံ့နှံ့ရောက်ရှိ နေကြသော ရခိုင်သူ ရခိုင်သားအပေါင်းတို့အနေဖြင့် ဆရာတော်အား ဂုဏ်ပြုပွဲများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်ကျင်းပ လျှက်ရှိသည်ကို တွေ့ရှိရ၍ ကောင်းမွန်သောအစဉ်အလာတရပ်အြ ဖစ် မှတ်ယူပါသည်။
စက်တင်ဘာ(၉)ရက်နေ့ရောက်တိုင်း ရခိုင်သူ ရခိုင်သားအပေါင်းတို့အနေဖြင့် ဆရာတော်အား ဂုဏ်ပြုနေကြခြင်းမှာ မိမိတို့ရခိုင်လူမျိုး ဖြစ်နေခြင်း တခုတည်းကြောင့်မဟုတ်၊ ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထု တခုတည်းက ကိုလိုနီနယ်ချဲ့ကျွန်သဘောက် ဘဝမှ
လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ခြင်းကြောင့် မဟုတ်၊ မြန်မာပြည် တပြည်လုံးအပါအဝင် အာရှတိုက်ရှိ ကိုလိုနီနယ်ချဲ့ကျူးကျော်မှု နှင့် ကျွန်အဖြစ် သွတ်သွင်းခံရခြင်း ကို ဆန့်ကျင်၍ စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့မှုတို့အတွက် တိုင်းပြည်၏နိုင်ငံရေးပြယုဂ်အနေဖြင့် အသိအမှတ်ပြု လက်ခံကာ နိုင်ငံအဆင့်ဂုဏ်ပြုထိုက် ဂုဏ်ပြုအပ်သော ပုဂ္ဂိုလ်ထူးအနေဖြင့် ဆရာတော်ပျံလွန်တော်မူခဲ့သည့်  ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ကို အစွဲပြု၍ ရခိုင်ပြည်သူများရောက်ရှိရာ အနယ်နယ်အရပ်ရပ်တွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြခြင်းပင် ဖြစ်သည်။
သို့ရာတွင် စစ်အာဏာရှင် ဗိုလ်နေဝင်းလက်ထက်မှစ၍ ယနေ့ထိတိုင် တိုင်းပြည်၏ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်အား လျစ်လျှူရှုထားခြင်း ခံနေရသည်။ ဗိုလ်နေဝင်းလက်ထက်တွင် ရန်ကုန်မြို့ ရွှေတိဂုံ ပုထိုးတော်နားရှိ ဆရာတော်ဦးဥတ္တမပန်းခြံအား ကန်တော်မင်္ဂလာပန်းခြံအဖြစ် အမည်ပြောင်းလဲ၍ ဆရာတော်၏ရုပ်ထုအား ဖယ်ရှားခဲ့ခြင်းတို့မှာ ထင်ရှားသည့်သာဓကတစ်ခုပင်ဖြစ်သည်။ ယနေ့ထိတိုင် အုပ်စိုးသူလူတန်းစားအဆက်ဆက် က အာဏာရှင်ဟောင်း ဗိုလ်နေဝင်း၏အမူအကျင့်အား ပြုမူကျင့်သုံး လျှက်ရှိနေကြသည်။
ထို့ကြောင့် တိုင်းပြည်ရှိ ဘဝတူအဖိနှိပ်ခံပြည်သူလူထုတရ ပ်လုံးအနေဖြင့် ကျေးဇူးတော်ရှင် ဆရာတော် ဦးဥတ္တမ၏ ကျေးဇူးတရားနှင့် ဂုဏ်ရောင်ပြောင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်း မှုတို့ကို နည်းလမ်းမျိုးစုံ ပုံစံမျိုးစုံဖြင့် ဖော်ထုတ်ကြရန် တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) ဗဟိုဌာနချုပ်၊ ထိုင်း-မြန်မာနယ်စပ်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်၊
စက်တင်ဘာ(၉)ရက်နေ့ရောက်တိုင
လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ခြင်းကြောင့် မဟုတ်၊ မြန်မာပြည် တပြည်လုံးအပါအဝင် အာရှတိုက်ရှိ ကိုလိုနီနယ်ချဲ့ကျူးကျော်မှု
သို့ရာတွင် စစ်အာဏာရှင် ဗိုလ်နေဝင်းလက်ထက်မှစ၍ ယနေ့ထိတိုင် တိုင်းပြည်၏ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်အား လျစ်လျှူရှုထားခြင်း ခံနေရသည်။ ဗိုလ်နေဝင်းလက်ထက်တွင် ရန်ကုန်မြို့ ရွှေတိဂုံ ပုထိုးတော်နားရှိ ဆရာတော်ဦးဥတ္တမပန်းခြံအား ကန်တော်မင်္ဂလာပန်းခြံအဖြစ် အမည်ပြောင်းလဲ၍ ဆရာတော်၏ရုပ်ထုအား ဖယ်ရှားခဲ့ခြင်းတို့မှာ ထင်ရှားသည့်သာဓကတစ်ခုပင်ဖြစ
ထို့ကြောင့် တိုင်းပြည်ရှိ ဘဝတူအဖိနှိပ်ခံပြည်သူလူထုတရ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်၊
No comments:
Post a Comment