Thursday, September 4, 2014

ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အကနှင့် ပက်သက်၍ ကြေငြာချက် ထုတ်ပြန်ခြင်း



ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အကသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ဘာသာရေး ဓလေ့ထုံးတမ်း နှင့် အညီ ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးကို ဦးခိုက်ပူဇော်ရန် စီကုံးသီဖွဲ့၍ ပူဇော်ကပြရန် ရခိုင်လူမျိုးတို့ တီထွင်ခဲ့သော ကကွက်ကဟန်များသာဖြစ်ပေသည်။ ထိုအပြင် ဤအကသည် ရခိုင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကကွက်ကဟန်တစ်ခုလည်းဖြစ်ပါသည်။

ဤအကဖြင့် 1966- ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနား၊ တိုင်းရင်းသားပဒေသာကပွဲတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ပြည်နယ် ကိုယ်စား တင်ဆက်ကပြခဲ့သော သမိုင်းဝင် ရခိုင့်မူပိုင် အကတစ်ခုလည်းဖြစ်ပါသည်။

သို့သော် ယနေ့အချိန်တွင် တစ်ချို့သော စီးပွားရေးဆိုင်ရာ အခမ်းအနားပွဲများ ၊ပျော်ပွဲရွင်ပွဲ ၊ စားသောက်ဆိုင် များတို့တွင် ဖြေဖျော်ရေးအသွင်တစ်ခုဖြင့် တလွဲအသုံးပြု ကပြဖြေဖျော်နေကြသည်ကို တွေ့မြင်နေရပါသည်။ ဤကဲ့သို့ မဆင်မခြင် တလွဲအသုံးချ ကပြနေခြင်းတို့သည် သီချင်း ၊ အက၏ သဘောသဘာဝနှင့် မအပ်စပ် သော အမျိုး၊ ဘာသာ သာသနာ၊ အရေးနှင့် ဖီလာဆန့်ကျင်လျှက် ဖြစ်နေပါသည်။ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစဉ်အပေါ် လေးစားတန်ဖိုးမထားရာလည်းရောက်နေပါသည်။ ကပြရာတွင်လည်း မူလ ကကွက်ကဟန် များနှင့် များစွာကွဲလွဲနေသည်ကို တွေ့မြင်ရပါသည်။

ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ ထုံးစဉ် ယဉ်ကျေးမှုကို မထိခိုက်စေ ရန် ဤရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အကကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန မှတဆင့် သက်ဆိုင်ရာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့
အစည်းတစ်ခုခု၏ ခွင့်ပြုချက်ဖြင့်သာ ကပြကြ ရန် အသိပေး ကြေငြာအပ်ပါသည်။

ပုံ.. ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)

by...Share Arakan News

No comments:

Post a Comment