မင်္ဂလာပါ
( ခိုင်မာသော Facebook Account အသုံးပြုနည်း )
Facebook Account တစ်ခု ခိုင်မာအောင်ဘယ်လိုလုပ်ရပါမလဲ ? လို့ခဏခဏမေးလာကြပါသည် အရင်လည်းပြောခဲ့ပြီးပါပြီ အခုတစ်ဖန်ပြန်လည်ပြောပြပေးပါမယ်နော်
Facebook တစ်ခုအသုံးပြုခွင့်ရဖို့အတွက် မခဲယမ်းသလို ခက်ခဲခြင်းကိုလည်းသိနိုင်ဖိုလိုပါလိမ့်မည်
Facebook Account တစ်ခုဖြစ်ပေါ်လာဖို့အတွက် လိုအပ်ချက်ကို စဉ်းစားကြည့်စေချင်ပါတယ်
၁။ Phone no, ၂။ Email, ပေါင်းစပ်ပြီး တောင်းဆိုပြီး အသုံးပြုရခြင်းဖြစ်ပါတယ်
ဒါကြောင့် Facebook Account ကို လက်ခံယူလာသလို ထိန်းနေသည်က Email, ဖြစ်ပါတယ် , ထို Email, ဖြစ်ပေါ်လာဖို့ တောင်းဆိုယူခြင်း ထိန်းနေသည်က မိမိကိုင်အသုံးပြုနေတဲ့ Phone no, ဖြစ်ပါတယ်
အိမ်တစ်ဆောင် ခိုင်မာအောင်ပြုလုပ်ဖို့တော့ လေးမျက်နှာက တိုင်ကောင်းကောင်းရပ်တည်ပေးဖို့လိုသလို
Facebook Account ခိုင်မာအောင်ပြုလုပ်ဖို့ကလည်း တိုင်အဖြစ် ထိန်းပေးနေတဲ့ Email, ကောင်းကောင်းရံပေးဖို့လိုပါတယ်
ရပ်တည်ပေးထားတဲ့ တိုင်မကောင်းတော့ လေမုန်တိုင်းဒါန်ကိုမခံနိုင်တဲ့အိမ်တစ်ဆောင်သာဖြစ်ပါမည်
Email ကောင်းကောင်းဖြစ်ပေါ်ဖို့အတွက် မိမိတို့ရဲ့ Email ကို အရင် Setting ပြုလုပ်ပါ ပြုလုပ်ရန်မှာ Profile Photo, Location, Phone no, အဲဒါစသည်တွေပါဘဲ
ပြီးမှ Facebook Account သို့လှည့်လာကြည့်ရအောင်
Facebook Account ဖွင့်လိုက်ကြရအောင်နော်
ကဲ..Facebook Account ရလာပြီးနောက် ဘာမှမဖြည့်ရသေးတဲ့လိုအပ်ချက်အရာဖြည့်ရန် လှည့်လာရအောင်
ပထမ Profile Photo ထည့်ပါ ပြီးရင် Edit profile ကို ကလိပေးပြီး Skip ကို ကလိပေးပြီး ပေးပြီး ဆက်သွားပါ ပြီးရင်
Edit profile မှာဖြည့်ရန် School, College, Work, Home City, Religion, စသည်တွေဖြည့်ပါ ပြီးရင် Browser ကနေ အသုံးပြုသူတွေဆိုရင် Settint & Privacy, ကို ကလိပေးပါ Facebook အသုံးပြုသူတွေဆိုရင် Account Setting ကို ကလိပေးပါ
General ကို ထပ်မံကလိပေးပြီး Email ကို ကလိပေးပြီး add email ကို ထပ်မံ ကလိပေးပြီး ကျလာတဲ့ ကွက်လပ်တွင် အသစ်ဖွင့်ထားတဲ့ email ကို ရိုက်ထည့်ပေးပြီး Password ထည့်ပြီး add email ကလိပေးလိုက်ပါ ပြီးရင် ထွက်လာပြီး မိမိရိုက်ထည့်ပေးလိုက်တဲ့ email ကို Browser တစ်ခုခုမှ Login ဝင်ပြီး ဖွင့်ပါ Facebook မှ Confirm code ပေးထားတဲ့စာကိုဖွင့်ပြီး ၄င်း Code အားမှတ်ယူလားပြီး ထပ်မံ Facebook General, Setting ကိုပြန်ဝင်ပြီး Confirm Email ကို ကလိပေးပြီး ၄င်း code ကိုရိုက်ထည့်ပြီး Continue ကိုပေးလိုက်ပါ, ထိုကဲ့သို့ Facebook Account တစ်ခုမှာ ထပ်မံ Email နှစ်ခုလောက်ထပ်ပေးပါ Facebook ဖွင့်သည့်အခါ Email, တစ်ခုပေါင်းရင် အားလုံး Email သုံးခုဖြစ်ရင် Facebook Account ခိုင်မာသွားပါပြီနော် Hack မယ့်သူကလည်း ထိုကဲ့သော New Email ဖြင့်ဝင်ရောက် Hack ယူရသည် , ထိုကဲ့သို့ အပြင် Hack လာမယ့်သူ Email ကို လက်မခံနိုင်အောင် မိမိက Email များစွာထပ်ထားခြင်းပင်ဖြစ်သည် ပြီးရင် ထိုကဲသို့ Phone ဆိုဒါကို ကလိပေးပြီး add phone no, ကို ကလိပေးပြီး မိမိ ဖုန်းနံပါတ် အပြည့်စုံရိုက်ထည့်ပြီး Password ထည့်ပြီး Continue ကို ကလိပေးလိုက်ပါ, မိမိဖုန်းသို Confirm code no, စာဝင်လာပါလိမ့်မည် ထို code no, ကို ထည်ပြီး Confirm လုပ်ပေးထားပါ ထိုကဲ့သို့ ပြုလုပ်ထားခြင်းဖြင့် Facebook Account လွယ်လွယ်နဲ့ Lock မကျပြီး Hack မရပြီ, တကယ်လို့ Report လုပ်ပြီး Lock ကျခဲ့ရင်လဲ ပြန်ယူရခြင်းလွယ်ကူပါသည်
ပြီးရင် မိမိတို့ Facebook Account Setting ကနေ မိမိတို့ ဖုန်းနံပါတ် ကိုသူများမမြင်နိုင်အောင်, မိမိတို့ Friends များကို သူများမမြင်နိုင်အောင်, မိမိတို့ Facebook Account ထဲမှာရှိတဲ့ ပုံများကို သူများမမြင်အောင် စသည်ကို Only me ဖြင့် Hide လုပ်ပြီး ကြိုက်နှိုက်သက်သလိုပြုလုပ်အသုံးပြုနိုင်ပါတယ်
အားလုံးအဆင်ပြေကြပါစေ။
ကို စိုးသန်း ရက္ခိတ
No comments:
Post a Comment