Saturday, February 6, 2016

ရက္ခိတ ရဲ​ဘော်

✿✿ ရက္ခိတ ရဲဘော် ✿✿

** အာကာတစ်ခွင် မည်းမည်းမှောင်လို့
လီတစ်ဖြန်းဖြန်း မိုးတစ်ရွှမ်းရွှမ်းနန့်
စိုပြေစိန်းမြ ဝသံညတည။

** ခြီလှန်းမယင် လမ်းမမြင်ကေလဲ့
ပိုးစုန်းကြူးကိုယ်ရောင်နန့် လှန်းခြီတည့်ပနာ
ချောင်မြိုင်ကြားအလယ် ဂနိုင်ထဲဝယ်
ပြန်လမ်းကဝီး ခရီးလမ်းစီးလို့
ကြွတ်တတွီတွီ ခြင်တဝီဝီနန့်
အားအင်ကိုဆုတ် ဂုဏ်မာန်ကိုထုပ်ဗျာန်
ရက္ခပြည်သူ လွတ်မြောက်မူလို့.....

** ချစ်သူနှမ ပျိုဖြူလှသျှေ
အလွမ်းကိုဖယ် သစ္စာတည်လို့
အောင်လံစည်ကြီး ဟိန်းဟိန်းညီးခါ
ပြန်လာမည့်ရက် တွက်ရွီချက်ပနာ
သဗြီညိုညို လွမ်းစိုစိုနန့်
ရွာဝင်လမ်းဦး ခရီးစူးက
စောင့်လင့်တဖန် ကြိုနှင့်ပြန်လော.

ကို စိုးသန်း ရက္ခိတ

No comments:

Post a Comment